ဇာတ်လမ်း (၇)

1.2K 207 29
                                    

မီးညှိ့ထားသည့်ဆေးလိပ်ကို ခပ်ပြင်းပြင်းဖွာရှိုက်လိုက်တော့ အငွေ့တလူလူဟာ အိမ်အတွင်းထဲထိထိုးဖောက်နေသည့်နေရောင်ခြည်ကြောင့် သိက္ခာအနားတဝဲလည်လည်ရှိနေသည်ကထင်ထင်ရှားရှားပင်။စာအုပ်ထံအကြည့်ရောက်နေသည့် သိက္ခာအား ရှေ့နေဦးမြင့်ကြိုင်နှင့်ခက်မောင်က တချက်တချက်လှမ်း၍ကြည့်နေလေသည်။

ဦးမြကြိုင်မှာ သိက္ခာကို မေးခွန်းထုတ်စရာအကြောင်းအရာတွေအတော်လေးများနေဟန်ရပြီး အကြည့်ချင်းဆုံမည့်အချိန်ကိုစောင့်ဆိုင်းနေပုံ။သိက္ခာဟာလည်း ဦးမြကြိုင်မေးလာမည့်မေးခွန်းတွေကို တစ်ခုချင်းစီမဖြေချင်၍ အကြည့်လွှဲထားခြင်း။သို့ပေမယ့် သိက္ခာ စာအုပ်ကိုဖတ်နေရာမှ ရှေ့နေဦးမြကြိုင်အားတချက်မျှလှမ်းကြည့်၍။

''ခက်မောင်ကို အဲ့သည်လောက် ကြည့်မနေစမ်းပါနဲ့ဦးမြကြိုင် သူ့ကိုနေရခက်စေတယ်မလား ခဗျားမေးချင်တာ ကျုပ်ကို တည့်တိုးသာမေးလိုက် ဟုတ်လား... ဖြေချင်စိတ်ရှိရင်ဖြင့် ဖြေပေးမယ်''

ပြောပြီး ချက်ချင်းပင် အကြည့်ကို ပြန်လွှဲကာ စာအုပ်ထံပို့ထားလိုက်သည်။ခက်မောင်နှင့်သိက္ခာ ထိမ်းမြားစာချုပ်တွင်လက်မှတ်ထိုးပြီးပြီဖြစ်သည်။စာချုပ်အတွင်းပါသည့် အချက်အလက်အားလုံးကိုလည်းခက်မောင်သိရှိပြီး ၊ ဖတ်ရှုပြီး သဘောတူညီမှုရရှိ၍ လက်မှတ်ထိုးပေးလိုက်သော်ငြား ဝန်ပိနေသလို ၊ စိုးရိမ်စိတ်တွေများနေသလိုနှင့်မျက်နှာတော့မကောင်းချေ။

''ဒါ...သင့်တော်တယ်မထင်ပါဘူးမောင်သိက္ခာ.. ဘယ်လိုဖြစ်လို့များ ယောကျာ်းသားအချင်းချင်း...''
''သင့်တော်မတော် ခဗျားကိုဆုံးဖြတ်ခိုင်းဖို့ ဒီနေရာကိုခေါ်ထားတာမဟုတ်ဘူး ဦးမြကြိုင်''

ထိုသို့ပြောလိုက်သည့်အခါ ဦးမြကြိုင်ထံမှအကြောင်းပြန်မလာတော့ပေ။ခက်မောင်ကတော့ လက်ထဲကဖောင်တိန်ကို ခပ်တင်းတင်းဆုပ်ကိုင်လျက် ငြိမ်သက်နေသည်။ဤစာချုပ်အား လက်နှိပ်စက်နှင့် လိုအပ်သည့်အချက်အလက်များကိုဖြည့်သွင်း၍ ရှေ့နေ့နှင့်ပြုလုပ်ထားခြင်းပင်။ စာချုပ်ကိုတရားဝင်အောင်လို့ စာချုပ်ပါအချက်အလက်များကို ရှေ့နေ့ရှေ့မောက်တွင် ခက်မောင်ကိုလက်မှတ်ထိုးစေပြီး အတွင်းပါအကြောင်းအရာများကိုလည်းရှေ့နေအားရှင်းပြစေသည်။

F.B.T.L Where stories live. Discover now