ဇာတ်လမ်း (၄)

1.5K 222 45
                                    

''မင့်လည်းလေ မမကြီးသွားလာနေကျပါဆိုနေကာမှ သက်သက်အိပ်ရေးပျက်ခံနေရဲ့''

''ခေတ်ကာလအခြေအနေ သိသိရဲ့နဲ့ မမကြီးရယ်''

ခက်မောင်ပြောလိုက်ကာမှ မမကြီးတစ်ယောက် ငြိမ်ကျသွားတော့သည်။မနက်ဝေလီဝေလင်းအချိန်ဆိုလျှင် ခက်မောင်ဘာမှမပြောလို.. ဈေးကြိုသွားချိန် မနက်အာရုံ ၄နာရီလောက် မှောင်မှောင်မဲမဲ မီးအလင်းမရှိဘာမရှိကို တစ်ယောက်တည်း သွားချင်နေသည့်မမကြီးကို ခက်မောင်နားကိုမလည်နိုင်။

မြွေပါးကင်းပါးရန်လည်း စိုးရိမ်ရသလို ခေတ်ကာလဟာလည်း သိပ်မကောင်းပေ။ အာဏာအလွဲပြောင်းကာလမလို့ ဟိုရန်ဒီရန်ကိုလည်း သတိမူရသေးသည်။

''မမကြီး သတ္တိမခေဘူးဆိုတာ ကျုပ်သိပေမယ့် နောက်များလည်း ကျုပ်လိုက်ပို့မှာမလို့ လက်မခံနိုင်ရင်ဖြင့် အိမ်မှာပဲထမင်းဟင်းချက်ချေတော့ ဟုတ္သလား''

''ကြံဖန်စိုးရိမ်တတ်ရန်ကော...''

ခက်မောင် လက်နှစ်ဖက်နောက်ပစ်လျက် သက်ပြင်းခပ်တိုးတိုးချလိုက်ပြီးနောက်။

''ကြံဖန်စိုးရိမ်တတ်တာမဟုတ်ဘူး မမကြီး...အစ်မကြီးအမိရာတဲ့ ကျုပ်အတွက်တော့မမကြီးကအမေပဲ အမေမဆုံးခင်ဘာမှာခဲ့သလဲ မမကြီးသိမှာပါ ကျုပ်အသက်ရှိသရွေ့ မမကြီးကိုကာကွယ်ရမယ်တဲ့''

မမကြီးက သဘောတကျကျရယ်မောရင်း ခက်မောင်ရဲ့ ကျောကို ခပ်ဖွဖွရိုက်ပုတ်သည်။

''ကဲပါ ကိုယ်တော်ချောရယ် တော့်သဘော တော့်သဘော''

မနိုင်ဟန်ပြောလာသော မမကြီးစကားကြောင့် ခပ်ဟဟရယ်မောရင်း လမ်းဆက်လျှောက်လာလိုက်၏။ဆိုင်ထွက်ရန်ပြင်ဆင်နေသည့် ဈေးသည်များနှင့်လဖက်ရည်ဆိုင်များမှအပ မည်သူမျှမရှိသည့် မှောင်မှောင်မဲမဲ လမ်းထက် မောင်နှမနှစ်ယောက်စကားတပြောပြောနှင့်လျှောက်လာခဲ့သည်။

''ခက်မောင်...''

ရုတ်တရက် ခက်မောင်အား ခေါ်လာသည့်မမကြီးကိုကြည့်ရင်း ။

''ခင်ဗျာ...''

''ငါ့မယ် သို့လောသို့လောကြားထားတဲ့သတင်းတွေရှိပါရဲ့..အမှန်လား အမှားလားဆိုတာ မင်းဖြေကြည့်ပါဦး''

F.B.T.L Where stories live. Discover now