ဇာတ်လမ်း (၃)

1.2K 231 37
                                    

ဟိုတယ်အဆောက်အအုံရှေ့တွင် မော်တော်ကားကိုစက်သတ်ရပ်လိုက်သည့်နောက် ကားပေါ်မှဆင်းလာခဲ့လိုက်သည်။သိက္ခာ ထိုအဆောက်အဦးကို အသေချာကြည့်နေမိ၏။ကိုလိုနီခေတ်လက်ကျန် အဆောက်အဦးဖြစ်ပြီး ၁၉၀၁ ခုနှစ်ဝန်းကျင်လောက်ကတည်ဆောက်ခဲ့သော စတန်းဒ် (Strand)အမည်ရ မြန်မာနိုင်ငံ၏ပထမဦးဆုံးသော ဟိုတယ်ဖြစ်ပြီး ယခင်က လူဖြူသီးသန့်သာတည်းခိုခွင့်ရရှိသော်ငြား သက္ကရာဇ် ၁၉၄၅ ခုနှစ်မှစတင်၍ မြန်မာလူမျိုးများလည်းတည်းခိုခွင့်ရရှိပြီဖြစ်သည်။သက္ကရာဇ် ၁၉၃၇ခုနှစ်က အကြီးစားပြုပြင်မွမ်းမံမှုများပြုလုပ်ခဲ့ပြီး ၁၉၄၁ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း ဗမာပြည်ကို ဂျပန်နယ်ချဲ့များသိမ်းပိုက်ပြီးနောက်တွင် ဂျပန်များက ဒီဟိုတယ်ကိုကိုယ်ကျိုးတွက်သာအသုံးချခဲ့၏။

လွတ်လပ်ရေးရပြီးသည့်နှောင်းပိုင်းတော့ကိုလိုနီခေတ်လွန်အစိုးရများကဒီအဆောက်အအုံဟိုတယ်ကို ပြုပြင်ထိန်းသိမ်းမှုညံ့ဖျင်းခဲ့သည်ဟုဆိုရမလား။ယခင်ကိုလိုနီခေတ်တွင်အသုံးပြုခဲ့ပါသော စတန်းဒ်ဟိုတယ်ဟာယခုတွင်တော့ နှစ်များစွာအကြာထိ ပြန်လည်မွမ်းမံခြင်းမရှိသေးပေ။

''အရာရှိမင်း...''

အသံကြောင့် အဆောက်အအုံကိုကြည့်ရှုနေပါသော သိက္ခာအကြည့်တို့က အသံလာရာဘက်သို့ရောက်ရှိသွားလေ၏။ရုံးမှလက်အောက်ငယ်သားဖြစ်သည့် သိန်းထွန်းက သိက္ခာအနားခပ်သွက်သွက်လျှောက်လာပြီး သူ့လက်ထဲကိုင်လာသော စာရွက်စာတမ်းတချို့ကမ်းပေးသည့်အတွက် သိက္ခာ ထိုစာရွက်စာတမ်းများယူလှမ်းကြည့်သည်။

''အဆင်ပြေခဲ့ပါရဲ့ အရာရှိ''

ထင်ထားသည့်အချိန်အတိုင်းအတာထပ် စောစောစီးစီးပြီးစီးသွားခြင်းကြောင့်ခွင့်ပြုလွှာစာရွက်စာတမ်းများအပေါ်တွင်ရှိနေသောအာဏာပိုင်များ ရဲ့လက်မှတ်များနှင့် တုံးတံဆိပ်ကို ဖင်တပြန်ခေါင်းတပြန် အသေအချာစစ်ဆေးပြီးသည့်နောက်တွင် ။

''ဘာပြောသေးသလဲ''

''မယ်မယ်ရရတော့မပြောလေဘူး နိုင်ငံအရေးရှုပ်ထွေးနေပုံပါပဲ ဗိုလ်ချုပ်တချို့ကိုလည်းတွေ့ခဲ့ပါရဲ့''

F.B.T.L Where stories live. Discover now