ငှက်အော်သံတညံညံ ကြောင့် လူတွင်အသိစိတ်ကပ်သည်နှင့် တပြိုင်နက် ခံစားရသည်က ဦးခေါင်းထဲမှ ဆိုးဆိုးရွားရွားဝေဒနာနှင့် ခန္ဓာကိုယ်က သာမာန်မဟုတ်လေသော အပူချိန်။
''အင်း...ကျစ်ကျစ်ကျစ်!"
ညည်းရင်းတွားရင်း လှဲလျောင်းနေရာမှထကာ မျက်ခုံးစပ်တွေကို လက်ချောင်းများအသုံးပြု၍ခပ်တင်းတင်းဖိနှိပ်နယ်လိုက်သည့်နောက် မှေးစင်းနေသေးပြီးသိပ်ကိုလေးပင်နေသည့် မျက်လုံးများကိုတော့မဖွင့်နိုင်သေးပေ။
''ကိုသိက္ခာ...''
အသံကြောင့် သိက္ခာ ၏ မျက်လုံးများတဖြည်းဖြည်းချင်းပွင့်လာပြီး အသံလာရာဘက်ကိုလှမ်းကြည့်လေသည့်အခါ အခန်းဝမှ ခန်းစည်းလိုက်ကာအား ဖယ်ရှား၍အတွင်းသို့ဝင်လာသည့်ခက်မောင်သည် ခန္ဓာကိုယ်အပေါ်ပိုင်းတွင်အဝတ်အလျဥ်းမရှိပေ။
ဆံပင်တွေကတဆင့် မျက်နှာထံစီးကျနေသည့်ရေစတွေနှင့်ပုခုံးပေါ်တင်ထားသည့်အဝတ်တို့ကရေမိုးချိုးထားသည့်ပုံစံပင်။သိက္ခာ မျက်ခုံးများပင့်သွားရသည်။သိက္ခာအနားသို့အလျင်အမြန်လျှောက်လာလေသည့်ခက်မောင်သည် ခန္ဓာကိုယ်တွင် ခါးဝတ်ပုဆိုးတစ်ထည်တည်းသာရှိနေ၍ ကျယ်ပြန့်သောပုခုံးပြင်တွေ ၊ တောင့်တင်းခိုင်မာသည့်ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် အနှီ လူငယ်၏မျက်နှာနှင့်မလိုက်ဖက်လောက်အောင်ထွားကြိုင်းသန်မာနေလေသည်။
သိက္ခာ ခက်မောင်ဆီမှအကြည့်လွှဲလိုက်ပြီး အိပ်ခန်းပတ်ပတ်လည်အားကြည့်မိလေတော့ ဒါဟာ သိက္ခာ၏အိပ်ခန်းမဟုတ်နေ။ဘယ်လိုများဖြစ်ရတာပါလိမ့်။ဘာကြောင့်များဒီအိပ်ခန်းအတွင်းရောက်နေရသလဲ။သိက္ခာ ခန္ဓာကိုယ်ထံငုံ့ကြည့်လိုက်တော့လည်း ယမန်နေ့ကဝတ်ခဲ့ပါသော အဝတ်အစားများမဟုတ်တော့ပါပဲ အထက်အောက် အဝတ်တွေလဲလှယ်ပြီးသား။
သိက္ခာမျက်လုံးတွေကိုစက္ကန့်ပိုင်းမျှမှိတ်လိုက်၍သက်ပြင်းရှည်တချက်ချလိုက်မိ၏။ဘာတွေလုပ်ခဲ့သလဲ ၊ ဘာတွေဖြစ်ခဲ့သလဲ စဉ်းစား၍ပင်မရတော့။နောက်ဆုံးအမှတ်ရမိတာဆို၍ ဘုံဆိုင်ထဲတွင် ယမကာကို မနားတမ်းသောက်ခဲ့သည့်အပြင် ၊ ပြာခွက်ထဲက ဆေးလိပ်ဖင်စီခံတွေဟာလည်းမရေတွက်နိုင်အောင်အမြောက်အများ။ဘာကြောင့်များသည်လောက်ထိစိတ်လွတ်ကိုယ်လွတ်ဖြစ်သွားရတာပါလိမ့်။ထို့အတူအိမ်အထိ ဘယ်သူကများလိုက်ပို့ခဲ့သလဲ။ဒီအခန်းထဲကိုရော ဘယ်လိုရောက်နေရသလဲ။
YOU ARE READING
F.B.T.L
Romance၁၉၅၀ ကျော်ဝန်းကျင်နှင့် ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကိုအခြေခံ၍ရေးသားထားသည်။ဇာတ်လမ်းပါ အကြောင်းအရာတချို့သည် အပြင်လောကနှင့်တချို့တဝက်သက်ဆိုင်သလို၊စိတ်ကူးယဥ်ရေးထားသည့်အကြောင်းအရာများလည်းဖြစ်သည့်အတွက်မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုခြင်း အလျဥ်းမရှိ။