1.

161 14 0
                                    


"ဂယူဘင်းနား ယူဂျင်းနား မြန်မြန်လာ ကျောင်းတက်တော့မယ်"

"လာ‌နေတာပဲကို ဟန်ဘင်းရာ မောလိုက်တာ"

"ငါတို့အတန်းကို ဒီနေ့အတန်းပိုင်ဆရာအသစ်ရောက်မယ်ပြောထားတာလေကွာ နောက်ကျနေရင်မကောင်းဘူး"

"အေးပါကွာ အဲ့တာကြောင့်ဒီလောက် မြန်မြန်ပြေးလာခဲ့တာပဲကို... ယူဂျင်းနား မောနေပြီလား"

ဂယူဘင်းသည် နောက်နားမှာ ကျန်နေခဲ့သော ယူဂျင်းကို လှည့်ကြည့်လျက် မေးလိုက်သည်။ ယူဂျင်းမှာ ဘင်းနှစ်ဘင်းလောက် ကိုယ်ခံအားမကောင်း။ သို့သော် ‌ကျောင်းတက်ချိန် နောက်မကျအောင် အမြန်နှုန်းနှင့် ပန်းကန်လုံးစီး၍ ပြေးခဲ့ကြသောကြောင့် ယူဂျင်းအပါအဝင် သူတို့သုံးယောက်စလုံး ၉နာရီမထိုးခင် ၅မိနစ်အလို၌ စာသင်ခန်းထဲသို့ ရောက်လာကြသည်။

"ဟောဟဲ.. ဟောဟဲ.. မောလိုက်တာ... ကင်မ်ဂယူဘင်း ငါ့ကို ရေတိုက်အုံး"

"ကိုယ်လဲမောနေတာပဲ ကိုယ်အရင်သောက်မယ်... ပြီးတော့ ဒါကရော ဘယ့်သူကြောင့် ဖြစ်ရတာလဲ ပြောပါအုံး"

"ကင်မ်ဂယူဘင်း..!"

ဂယူဘင်းပြောတာလည်း မမှား။ သူတို့သုံးယောက်ဟာ ပုံမှန်ဆို ကျောင်းကို‌ စောစောရောက်တတ်ကြပေမယ့် ဒီနေ့ကျမှ... အတန်းပိုင်ဆရာအသစ်ရောက်ပါမယ်ဆိုတဲ့ ဒီနေ့ကျမှ နောက်ကျနေရခြင်းမှာ ယူဂျင်းကြောင့်ပင်။ ယူဂျင်းအိမ်မှာ ဘာကိစ္စကြောင့်မှန်းမသိ အခန်းထဲကထွက်လာဖို့ အတော်စောင့်လိုက်ရသည်။ ဒါကြောင့်လည်း မနက်ကတည်းက မောပန်းနေအောင် ပြေးလာရခြင်းဖြစ်သည်။

"မင်းတို့ မဆူကြနဲ့တော့ ကျောင်းပဲ တက်တော့မယ်"

"ဟန်ဘင်းနား ‌မင်းကြည့်လေ ဒီကောင်လေးကြောင့်သာမဟုတ်ရင် ဒီလိုမမောရဘူး"

"ဂယူဘင်းနား တော်တော့"

ဟန်ဘင်းပြောလိုက်တာ ဂယူဘင်းက ပါးစပ်ပိတ်ပြီး ယူဂျင်းဆီကို မျက်စောင်း အသာထိုးသည်။ ယူဂျင်းကတော့ ဂရုမစိုက်မိ။ သူ့ဆီက ရေဘူးကိုသာ လုယူသောက်လိုက်သည်။ ဟန်ဘင်းကတော့ ဒီနှစ်ယောက်ကို ကြည့်ရင်း ခေါင်းသာ အသာယမ်းမိသည်။ တကယ်ကို မနိုင်ဘူး ဟူသည့် ပုံစံဖြင့်။

𝕋𝕠 𝕞𝕪 𝕓𝕖𝕝𝕠𝕧𝕖𝕕 ℍ__Where stories live. Discover now