ထိုနေ့… ဟန်ဘင်း ဟာအို့ကို သဘောကျပါတယ်လို့ ပြောခဲ့တဲ့ နေ့ကစပြီး သူတို့နှစ်ယောက် စကားသေချာ မပြောဖြစ်ခဲ့သည်မှာ နှစ်ရက်ကျော် သုံးရက်ပင် ရှိပြီဖြစ်သည်။ မနက်စာ၊ ညစာကို စားပွဲမှာ အတူတူထိုင်ပြီး စားဖြစ်ကြသော်လည်း ဘယ်သူ့ဘက်ကမှ စကား စ မပြောခဲ့တာကြောင့် လေထုအခြေအနေဟာ အေးစက်ငြိမ်သက်လှပါ၏။
ဟန်ဘင်းအနေနဲ့ကတော့ ထိုနေ့က အကြောင်းကို ပြန်တွေးမိတိုင်း ပါးလေးတွေ နားလေးတွေ ရဲတက်လာသည်အထိ ရှက်နေဆဲမို့ စကားလမ်းကြောင်း ပြန်မစမိတာ ဖြစ်သည်။ ဒါဆိုရင် ဟာအိုကရော… ဟာအိုကလည်း ဘာလို့ ဘာမှ ပြန်မပြောရတာလဲ။
ဟန်ဘင်း စဉ်းစားမိသလောက်တော့ ဟာအို့ဘက်က ပြောစရာစကားပင် ရှိနေဟန် မတူပါဘူး။ အဲ့ဒီနေ့ကတည်းက အဖြေပြန်မပေးနိုင်ပါဘူးလို့ အပြတ်ပြောပြီးသားကို..။ ဟန်ဘင်းဘက်ကသာ မရိုးသားတဲ့ ခံစားချက်တွေကို အစပျိုးမိခဲ့တာ…။ စကားမပြောတာ သုံးရက်မြောက်အထိ ရောက်လာခဲ့ပြီဆိုတော့ ဒီအတိုင်းဆက်သွားလို့လည်း မဖြစ်တာကြောင့် ညရောက်ရင်တော့ ဆရာဟာအို့ကို သေချာလေး စကားပြောကြည့်ရပါအုံးမည်။
တကယ်တော့ ဟာအို ဒီရက်ပိုင်း ဟန်ဘင်းကို စကား စ မပြောဖြစ်တာက အဲ့ဒီကလေးကြောင့်…။ တစ်ခုခုပြောမယ် ကြံလိုက်တိုင်း၊ မျက်နှာချင်းဆိုင်လိုက်တိုင်းကို အဲ့ဒီကလေးက ရှက်ကိုးရှက်ကန်းဖြစ်ပြီး သူ့ကို ရှောင်နေတာ! ဒါနဲ့ ဟာအိုလည်း ဟန်ဘင်းဘက်က စကား စ မပြောခင်အထိ သူ့ဘက်ကလည်း ဘာမှမပြောဖို့ ဆုံးဖြတ်ခဲ့လေခြင်း..။
ဒါ့အပြင် ဟာအိုတစ်ယောက် အခုရက်ပိုင်း အလုပ်ရှုပ်နေသည်။ ဟန်ဘင်းက… သူ ချစ်ရပါတဲ့ သူ့ကလေးလေးက သူ့ကို သဘောကျနေပါပြီ၊ ချစ်နေပါပြီဆိုမှတော့ ဆက်ပြီးတော့ အပင်ပန်းခံပြီး ကျောင်းဆရာလုပ်နေစရာမှ မလိုတော့တာ။ ဒါနဲ့ ဟာအိုက ကျောင်းမှာ ဆရာဆက်မလုပ်ဖြစ်တော့ဘဲ ကြားထဲ ပစ်ထားမိတဲ့ ကုမ္ပဏီဘက်ကို ပြန်လှည့်နေရသည်။ ဒီအကြောင်း ဟန်ဘင်းကိုတောင် မပြောရသေးဘူးပဲ…။
ဟန်ဘင်းလေးက သူနဲ့ မျက်နှာချင်းဆိုင်လိုက်တာနဲ့ကို ရှက်နေတာလေး ဘယ်လိုလုပ်ရပါ့..။ သူ့ဘက်က အဖြေပြန်မပေးတာ၊ အဲဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဘာမှထပ်မပြောတာကိုများ တွေးပြီး ဝမ်းနည်းနေလိမ့်မလား။ ဟာအို့အနေနဲ့ အရိုးသားဆုံးဝန်ခံရရင် အခုထိက စောလွန်းနေသေးသည်။ သူ့လို ၂၄နှစ်အရွယ် ကုမ္ပဏီ CEO တစ်ယောက်က အသက်တောင်မပြည့်သေးတဲ့ ၁၇နှစ်အရွယ် အထက်တန်းကျောင်းသားလေးနဲ့ တွဲဖို့ဆိုတာ သိပ် အဆင်မပြေလှ။ သူ စဉ်းစားထားတဲ့ ဖွင့်ပြောဖို့ အချိန်က… ဒီကလေး အသက်ပြည့်ပြီးတဲ့ အရွယ်လောက်မှလေ..!
YOU ARE READING
𝕋𝕠 𝕞𝕪 𝕓𝕖𝕝𝕠𝕧𝕖𝕕 ℍ__
Fanfictionᴺᵉᵘˡᵇⁱⁿ ᶠᵃⁿᶠⁱᶜᵗⁱᵒⁿ ᵂʳⁱᵗᵗᵉⁿ ⁱⁿ ᴮᵘʳᵐᵉˢᵉ ᴹᵃⁱⁿ ᶜᵒᵘᵖˡᵉ → ᴺᵉᵘˡᵇⁱⁿ ˢⁱᵈᵉ ᶜᵒᵘᵖˡᵉ → ᴳʸᵘʲⁱⁿ