နှိုးစက်လဲ မရှိ.. ညကလည်း ဖုန်းနဲ့ alarm ပေးမထားမိတဲ့အခါ ဟန်ဘင်းရဲ့မျက်လုံးတွေက သူ့အလိုလို ပွင့်မလာခဲ့ပါဘူး။ အပြင်ကနေ တံခါးကို အသံခေါက်ရင်း ဟန်ဘင်းဟျောင်း ထတော့ ထတော့ ဆိုတဲ့ ယူဂျင်းအသံကြောင့်သာ ဟန်ဘင်း နိုးလာခဲ့ခြင်းဖြစ်သည်။ တံခါးဖွင့်ပေးလိုက်တော့ ယူဂျင်းက တစ်ခါသုံး သွားတိုက်တံနဲ့ သွားတိုက်ဆေးလေး ပေးပြီး ဟျောင်းမျက်နှာသစ်ပြီး အောက်ဆင်းခဲ့လိုက် ဟု ပြောသွားသည်။ ဟန်ဘင်းလဲ သန့်ရှင်းရေးသေချာလုပ်ပြီး အောက်သို့ ဆင်းလာခဲ့လိုက်သည်။
“ဟန်ဘင်းနား လာ မနက်စာ လာစားလေ”
ဟန်ဘင်းအောက်ရောက်တော့ ယူဂျင်းက ကျောင်းဝတ်စုံပင် လဲပြီးနှင့်ပြီ… ဆရာဟာအိုကလည်း ကျောင်းသွားဖို့ အကုန်ပြင်ဆင်ပြီးပြီနဲ့ တူသည်။ သူတို့မနက်စာ စားပြီးတော့ ဦးလေးကြီးတစ်ယောက် ဆရာကျန်းအနားကို ရောက်လာပြီး ‘သခင်လေး မှာထားတဲ့ဟာပါ'ဟု ဆိုပြီး အိတ်လေးတစ်လုံး လာပေးသွားလေသည်။
“ဟန်ဘင်းနား ဒီကျောင်းဝတ်စုံဝတ်သွားလိုက်”
“ဗျာ… ဟုတ်ကဲ့ ကျေးဇူးပါဗျ”
“ရတယ် အင်္ကျီလဲပြီးရင် ကျောင်းသွားဖို့ လုပ်ကြတော့”
“ဟုတ်ကဲ့”
ဟန်ဘင်းအင်္ကျီလဲပြီးတော့ ဆရာဟာအိုက ယူဂျင်းကို ကျောင်းလိုက်ပို့ရမလားဟု မေးပေမယ့် ယူဂျင်းက ဂယူဘင်းလာမှ အတူတူသွားမှာလို့ ပြန်ပြောသည်။ ဟုတ်တာပဲ… မနက်တိုင်း သူတို့သုံးယောက်က ကျောင်းအတူတူသွားနေကြကို…။
“ဂယူဘင်းကို သူ့အိမ်က လိုက်ပို့တာမဟုတ်ဘူးလား”
“ဟုတ်တယ်လေ ကျွန်တော့အိမ်ကို… ပြီးမှ ဟန်ဘင်းဟျောင်းရော သုံးယောက် အတူတူလမ်းလျှောက်သွားတာ”
“ဪ.. ဟုတ်ပါပြီ။ ဒါနဲ့ ချန်ချန် အစ်ကို မနေ့ညကတည်းက ပြောမလို့…”
“ကော~ စာမေးပွဲက အမှတ်အကြောင်းတော့ မဟုတ်ဘူးမလား”
“မဟုတ်ပါဘူး ချန်ချန်ရယ်~ နောက်လလောက်ကျ Nora တို့ လာမယ်တဲ့.. အဲ့တာပြောမလို့”
“Nora.. သူတစ်ယောက်တည်းလား”
“အန်ကယ်ရော ပါမယ်ပြောတယ်”
YOU ARE READING
𝕋𝕠 𝕞𝕪 𝕓𝕖𝕝𝕠𝕧𝕖𝕕 ℍ__
Fanfictionᴺᵉᵘˡᵇⁱⁿ ᶠᵃⁿᶠⁱᶜᵗⁱᵒⁿ ᵂʳⁱᵗᵗᵉⁿ ⁱⁿ ᴮᵘʳᵐᵉˢᵉ ᴹᵃⁱⁿ ᶜᵒᵘᵖˡᵉ → ᴺᵉᵘˡᵇⁱⁿ ˢⁱᵈᵉ ᶜᵒᵘᵖˡᵉ → ᴳʸᵘʲⁱⁿ