3.

92 12 0
                                    

“ဟန်ဘင်းနား ဘာစားမလဲ… ယူဂျင်း‌လေးကရော ဘာစားမှာလဲ အအေးက‌ရော?”

“ငါက latte နဲ့ chocolate cake..”

“အွန်း ဟုတ်ပြီ ယူဂျင်းလေး‌ကရော”

“မင်း မှာချင်တာမှာလိုက်ဟာ…”

ယူဂျင်းလေသံက အတန်ငယ် စိတ်မရှည်သလို… ရပါတယ် သူ မပြောလဲ ဂယူဘင်းတို့က ယူဂျင်းလေး ဘာကြိုက်တယ်ဆိုတာ သေချာသိတာပဲကို..။

“Chocolate cake သုံးခုနဲ့ latte တစ်ခွက်၊ peach ade တစ်ခွက်နဲ့ mango smoothie တစ်ခွက် ပေးပါဗျ”

“Nae~ ခနလောက် စောင့်ပေးပါရှင်…”

ဂယူဘင်းက မှာထားတဲ့ dessert တွေအတွက် ကောင်တာနားမှာ စောင့်နေတုန်း ဟန်ဘင်းနဲ့ ယူဂျင်းကတော့ ထောင့်ကျကျ စားပွဲဝိုင်းလေးကိုရွေးပြီး ထိုင်စောင့်နေလေသည်။

“မှာထားတာ ရပါပြီရှင့်”

ဂယူဘင်းလည်း မှာထားတာ‌တွေကို ယူလာပြီး စားပွဲဝိုင်းဆီသို့ လာခဲ့သည်။

“ရော့ ယူဂျင်းလေးအတွက် peach ade… ကိတ်ကတော့ အကုန် ချိုကိုပဲ မှာလိုက်တာ”

သူတို့ သုံးယောက်ဟာ ကိတ်လေးစား၊ အအေးလေး သောက်ရင်းနဲ့ စကားလေးဘာလေးပြောရင်း အချိန်ကုန်ဆုံးနေကြသည်။ ကျောင်းဆင်းတော့ အိမ်ကို မပြန်ချင်သေးပါဘူးဆိုတဲ့ ယူဂျင်းကြောင့် အခုလို cafe ဆိုင်သို့ ရောက်လာခြင်းဖြစ်သည်။

“ဂယူဘင်းနား ငါ ဒီည မင်းနဲ့ လိုက်အိပ်ရမလားပဲ… အိမ် မပြန်ချင်ဘူး”

“ဘာဖြစ်လို့လဲ ယူဂျင်းလေးရဲ့ အန်တီက စိတ်ပူနေမှာပေါ့”

“ငါ့.. ငါ့ အမှတ်လဲ ကြည့်အုံး။ 33 မှတ်တဲ့လေ အဲ့ဒါ…”

“ယူဂျင်းရယ် အခုဟာကဖြင့် အရင်နှစ်တုန်းကထက် အတော်လေး တိုးတက်လာတဲ့ဟာကို”

ဂယူဘင်းအပြောကို ဟန်ဘင်းလဲ ထောက်ခံမိပါ၏။ နှစ်ဝက်နဲ့ ‌နောက်ဆုံးစာမေးပွဲကလွဲရင် ယူဂျင်းက ဘယ်စာမေးပွဲ၊ ဘယ်ဘာသာကိုမှ အောင်တာမဟုတ်… ယူဂျင်းပြောဖူးတာ သူငယ်ငယ်ကဆို သင်္ချာကို ကျက်ဖြေခဲ့ဖူးသည်ဟူ၏…။

“တိုးတက်လာလဲ အောင်မှတ်မှမရတာကိုးလို့… ငါ.. ငါ.. မပြောတော့ဘူး ပြောလဲ နားလည်မှာမဟုတ်ဘူး”

𝕋𝕠 𝕞𝕪 𝕓𝕖𝕝𝕠𝕧𝕖𝕕 ℍ__Where stories live. Discover now