ဒီနေ့မနက်တော့ ယူဂျင်းတို့က ဟာအို့ကားနဲ့ပဲ ကျောင်းအတူတူသွားကြဖို့ ဆုံးဖြတ်လိုက်သည်။ ဟာအိုက Nora ကိုလည်း ကျောင်းသို့ ခေါ်သွားရန် စဉ်းစားထားသည်… ဘာရယ်တော့ မဟုတ်။ ကိုရီးယားကို တစ်ခေါ်တစ်လေ ပြန်လာတုန်းကို အိမ်မှာချည်း မနေစေချင်ပေ။
ကျောင်းကို အတူတူသွားကြမယ်သာဆိုတာ ယူဂျင်းနဲ့ ဟာအို ညီအစ်ကိုတော်ကြမှန်၊ ဟန်ဘင်းနဲ့ ဂယူဘင်းမှလွဲ၍ ဘယ်သူမှ မသိကြချေ…။ သိဖို့မှ မလိုတာဆိုပြီး ယူဂျင်းက ဘယ်သူ့ကိုမျှ အထူးတလည် ပြောပြမနေပါဘူး… အတန်းထဲက သူငယ်ချင်းတွေကိုတောင်မှပေါ့။
ကျောင်းကိုသွားတော့ ဟာအိုသည် ဟန်ဘင်းကို lover seat မှာ ထိုင်စေပြီး ကျန်တဲ့ သုံးယောက်ကိုတော့ နောက်ခန်းမှာ ထိုင်စေသည်။ ယူဂျင်းကတော့ ထုံးစံအတိုင်း အလယ်ခေါင်က ဖြစ်သည်။ ယူဂျင်းဟာ အခုလည်း ဆရာဟာအိုနဲ့ ကျောင်းအတူတူလာပါတယ်ဆိုပြီး မဖြစ်ရလေအောင် ကျောင်းနားမရောက်ခင် မနီးမဝေးလေး၌ ကားရပ်ခိုင်းလေသည်။ ကားရပ်တော့ ယူဂျင်းရယ်၊ ဂယူဘင်းရယ်နဲ့ ဟန်ဘင်းတို့က ဆင်းလိုက်ကြသည်။
Nora ကတော့ နောက်ခန်းလေးမှာ ထိုင်ရင်း ဟာအိုနဲ့အတူ ကျောင်းဝန်းထဲထိ လိုက်သွားလေရဲ့..။ ကျောင်းမှာ တစ်နေကုန် လိုက်နေဖို့ဆို ယူဂျင်းတို့နဲ့ အတူတူသွားတာထက် ဟာအိုနဲ့ အတူတူသွားတာက ပိုကောင်းပါလိမ့်မည်။ ကျောင်းက ဆရာရဲ့ ညီမလေးဆိုပြီး… တစ်ရက်လောက် ကျောင်းလိုက်လာပြီး ကျောင်းဝန်းထဲ လျှောက်သွားလိုက်လို့လည်း ဘာမှဖြစ်လောက်မည် မဟုတ်ပါ။
ဟာအိုက ကျောင်းမှာ ဆရာအဖြစ် အလုပ်ဝင်တာ နှစ်ဝက်ခန့်သာ ရှိသေးပေမယ့် သူရဲ့ လုပ်ပိုင်ခွင့်ကတော့ နိမ့်မနေပေ။ ဘာလို့ဆို ဒီကျောင်းက ZHANG Group လက်အောက်က…။ ကိုရီးယားသွေး တစ်စက်မျှမပါတဲ့ ကျန်းဟာအို.. သူရဲ့ ကိုရီးယားနိုင်ငံကြီးထဲမှာ လက်ဆုပ်ယူထားတဲ့ လုပ်နိုင်စွမ်း၊ လုပ်ပိုင်ခွင့်တွေကတော့ စကားနဲ့ ဖော်ပြလို့ မရနိုင်တဲ့အထိ များပြားလှသည်။
“Nora အဆင်ပြေသလို နေလို့ရတယ်နော်။ နေ့လယ်စာ စားချိန်ကျ အစ်ကို ဖုန်းဆက်လိုက်မယ်”
YOU ARE READING
𝕋𝕠 𝕞𝕪 𝕓𝕖𝕝𝕠𝕧𝕖𝕕 ℍ__
Fanfictionᴺᵉᵘˡᵇⁱⁿ ᶠᵃⁿᶠⁱᶜᵗⁱᵒⁿ ᵂʳⁱᵗᵗᵉⁿ ⁱⁿ ᴮᵘʳᵐᵉˢᵉ ᴹᵃⁱⁿ ᶜᵒᵘᵖˡᵉ → ᴺᵉᵘˡᵇⁱⁿ ˢⁱᵈᵉ ᶜᵒᵘᵖˡᵉ → ᴳʸᵘʲⁱⁿ