မြင်မြင်ချင်း အချစ်ဆိုတာ ဖြစ်နိုင်ပါရဲ့လား...? ရှိရောရှိနိုင်ပါရဲ့လား...? တကယ်ရှိတယ်ဆိုရင်တောင် အချစ်ရေးကို လုံးဝ စိတ်မဝင်စားတဲ့ ကိုယ့်အပေါ်မှာတော့ သက်ရောက်မှုရှိနိုင်ပါရဲ့လား...? ဒီမေးခွန်းအတွက်အဖြေကတော့ ရိုးရှင်းပါတယ်။ ကိုယ်တိုင် လက်တွေ့ ခံစားဖူးမှာ သိနိုင်မှာပေါ့... ဆိုတော့ ကိုယ်ကတော့ မြင်မြင်ချင်းအချစ်ဆိုတာကို မယုံခဲ့ပါဘူး။ ယုံချင်စရာလည်း ကောင်းမနေခဲ့ဘူးလေ။ ဒါပေမယ့် H__ မင်းကို မတွေ့ခင်အထိပေါ့။ ကိုယ် မင်းကို မြင်မြင်ချင်းချစ်မိဖို့ စက္ကန့်ဝက်လောက်ပဲ အချိန်ယူလိုက်ရတယ် ထင်ပါရဲ့... အပေါ်က ကိုယ်ပြောခဲ့တာတွေက သက်သက်လေကြီးနေတာလို့ပဲ ပြောရမလား။ မြင်မြင်ချင်းအချစ်ဆိုတာကို မယုံဘူးဆိုတဲ့ စကားလေ... တကယ်တော့ ကိုယ် မင်းကို မြင်မြင်ချင်းချစ်မိတဲ့အချိန်မှာ မင်းရော ကိုယ်ရော ကလေးအရွယ်လောက်ပဲ ရှိကြသေးတာ။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကတော့ ကိုယ့်ကို အချစ်ရေးစိတ်မဝင်စားတဲ့လူလို့ ထင်နေကြမှာပေါ့။ သူတို့မှ ကိုယ့်နှလုံးသားထဲမှာ မင်းရှိနေတာကို မသိကြတာ။ မင်းကိုယ်တိုင်တောင် သိမှာမဟုတ်ပါဘူးလေ... ဒါပေမယ့် အချိန်ကျတဲ့ တစ်ရက်ရောက်ရင် ကိုယ်က စပြီး မင်းကိုဖွင့်ပြောပါ့မယ် ကိုယ့်ရဲ့ ချစ်ရတဲ့ H__ လေး~
▼・ᴥ・▼
Fic က နူးလ်ဘင်းလေးပါရှင့် 💐
အခုမှ စ ရေးတာမလို့ အရေးအသားမကောင်းတာ၊ လိုအပ်ချက်ရှိတာတွေ လာပြောလို့ရပါတယ် ♡
Sep 18, 2024 (Wed)
YOU ARE READING
𝕋𝕠 𝕞𝕪 𝕓𝕖𝕝𝕠𝕧𝕖𝕕 ℍ__
Fanficᴺᵉᵘˡᵇⁱⁿ ᶠᵃⁿᶠⁱᶜᵗⁱᵒⁿ ᵂʳⁱᵗᵗᵉⁿ ⁱⁿ ᴮᵘʳᵐᵉˢᵉ ᴹᵃⁱⁿ ᶜᵒᵘᵖˡᵉ → ᴺᵉᵘˡᵇⁱⁿ ˢⁱᵈᵉ ᶜᵒᵘᵖˡᵉ → ᴳʸᵘʲⁱⁿ