𝐩𝐚𝐫𝐭 𝟏

68 5 0
                                    

"မာမီ...ဒယ်ဒီ...လင်္ကာ့ကိုမထားခဲ့ကြပါနဲ့...လင်္ကာကြောက်တယ်...လင်္ကာမဆိုးတော့ဘူးလေနော်...လင်္ကာကျောင်းတက်မပျင်းတော့ဘူးလေ...စာကိုလဲကြိုးစားပါ့မယ်...လင်္ကာကလေ မာမီနဲ့ ဒယ်ဒီ့ကို သိပ်ချစ်တာ...ဆိုးသွမ်းလွန်းတဲ့ လင်္ကာ့ကိုထပြီးတော့ ဆူကြပါ မာမီတို့ရယ်...လင်္ကာလေ...လင်္ကာ..."

မိဘနှစ်ဦးတို့၏အသက်မဲ့နေသောခန္ဓာကိုယ်များအားလှုပ်လှုပ်နှိုးကာရှိုက်ကြီးတငင်ငိုနေရှာသော ချစ်တူမလေးအား ဦးခန့်မောင်တစ်ယောက်အတော်လေးပင်စိတ်မကောင်းဖြစ်နေရှာသည်။သူကိုယ်တိုင်သည်လည်းအစ်ကိုဖြစ်သူနဲ့မရီးတို့၏သေဆုံးမှုကိုရင်ထုမနာဖြစ်နေရှာရတယ်မဟုတ်လား။မိဘနှစ်ဦးအားဝမ်းပန်းတနည်းငိုပြီးအတင်းလှုပ်နှိုးနေရင်းမှ ရုတ်တရက်သတိလစ်မေ့မြောသွားသောတူမဖြစ်သူအားဦးခန့်မောင် ပြေးပွေ့ရလေသည်။

"လင်္ကာငယ်!!!...လင်္ကာငယ်!!!...သမီးလေး!!!...လေးလေးခေါ်နေတယ်လေသမီး...ပြန်ထူးအုံးလေ...လာကြပါအုံး!!!တစ်ယောက်ယောက်ကူညီကြပါအုံး...ကျွန်တော့တူမလေးမေ့လဲသွားလို့ပါဗျာ...ကျေးဇူးပြု၍ကူညီကြပါ..."

ဆေးရုံကုတင်ထက်ဆရာဝန်များအကြားအသက်လုနေရသော ကလေးငယ်၏ဘဝကိုဦးခန့်မောင်မကြည့်ရက်တော့။သူ့ရင်ထဲတူမလေးအတွက်သာစိုးရိမ်ပူပန်နေရရှာသည်။

တောင်...

operation roomထဲမှဆရာဝန်တစ်ဦးထွက်လာ၍ဦးခန့်မောင်လဲကပျာကယာထ၍တူမလေး၏အခြေအနေအားမေးမြန်းလေတော့သည်။

"ဒေါက်တာ!ကျွန်တော့တူမလေးအခြေအနေဘယ်လိုနေလဲဗျာ..."

"လူနာကကလေးပဲရှိသေးတာမို့လို့ presureစောင့်တက်သွားတာပါ...အခြေအနေကတော့ကပ်သီးလေးအသက်ဘေးမှလွတ်မြောက်သွားတယ်လို့ဆိုရပါမယ်...ကလေးကကိုယ်ခံအားနည်းနေတယ်...ရှော့ခ်ရစေမဲ့အခြေအနေမျိုးသူ့ကိုမဖြစ်ပါစေနဲ့...အခုကတော့စောင့်ကြည့်ဆဲကာလပါ...သိပ်တော့မစိုးရိမ်ပါနဲ့ အခြေအနေတည်ငြိမ်ရင် ဆေးရုံဆင်းခွင့်လက်မှတ်ယူပြီး ဆင်းလို့ရမှာပါ..."

" ကျေးဇူးတင်ပါတယ်ဒေါက်တာ..."

ငါ့တူမကအသက်တော့ပြင်းသားပဲ သေလုဆဲ''ကနေလွတ်အောင်ရုန်းနိုင်သေးတယ်။အမ်း...ရှေ့လျှောက်လဲ ရုန်းထွက်နိုင်ပါစေလင်္ကာငယ်။ဦးခန့်မောင်သည်ထိုသို့ပါးစပ်မှခပ်ဖွ''ရေရွတ်ပြီးအမည်မဖော်နိုင်သောအပြုံးကိုပြုံးကာ တူမဖြစ်သူကိုစောင့်ကြည့်နေသည့်ဆေးရုံခန်းထဲသို့ဝင်သွားလေသည်။

အမုန်းမြို့တံတိုင်း၏အခြားတစ်ဖက်၌Where stories live. Discover now