စာအုပ်ဆိုင်လေးထဲတွင်ခင်နှင်းဆီတစ်ယောက်ကြိုက်နှစ်သက်တဲ့စာအုပ်များကိုဖတ်ရန်ရွေးနေလေသည်။လက်ထဲတွင်လည်းစာအုပ်ပုံအထပ်လိုက်ကြီးအားမနိုင်မနင်းသယ်ထားသေးသည်။ထိုသို့ရွေးနေရင်းသူလိုချင်သည့်စာအုပ်ကစင်ရဲ့အပေါ်ဆုံးအလွှာမှာဖြစ်နေတော့လှမ်းယူရာမမှီပင်။ခဏခဏခြေဖျားထောက်ပြီးယူတာတောင်မမှီတော့ခင်နှင်းဆီစိတ်မရှည်ချင်တော့ပင်။မှီအောင်ယူမယ်ဆိုပြီးခြေဖျားကိုအတတ်နိုင်ဆုံးတိုးထောက်လိုက်ရာဟန်ချက်ပျက်ပြီးနောက်သို့ပစ်လဲကျသွားရာ
"အမလေး!!!ဟင် ငါလဲမကျဘူးပဲ...တော်ပါသေးတယ်...ငါ့စာအုပ်လေးတွေဘာမှမဖြစ်လို့..."
" ဒီမှာ ကြီးတော်...ဒီတစ်သက်ထအုံးမှာလား...ကျွန်တော့်လက်နာနေပြီဗျ..."
"ဟင်!အာ...sryပါကောင်လေးရယ်...ဒို့မမြင်လိုက်ဘူးကွယ်..."
"ကြီးတော်ပစ်လဲမှာဆိုးလို့စေတနာနဲ့ ဝင်ကူပြီးဖမ်းပေးတဲ့ ကျွန်တော့်ကိုကျ မမြင်ဘူး...သူ့စာအုပ်တွေကိုအရင်စိုးရိမ်တယ်...ကူညီရကျိုးမနပ်လိုက်တာဗျာ"
သူ့ကိုဝင်ထိန်းပေးတဲ့ကောင်လေးကိုကျေးဇူးတင်စကားပြောမဲ့ စကားလုံးတို့သည်ကောင်လေး၏သူမအပေါ်ကြီးတော်ဟုခေါ်ဆိုလိုက်ခြင်းနောက်တွင်ရုတ်ချည်းပျောက်ကွယ်ကုန်သည်။
" ဒီမှာကောင်လေး!!!"
"ကျွန်တော်ကတကယ်တော့ အမဗျ...အထီးမဟုတ်ဘူး"
"အိုကွယ်...ဒါဆိုလဲဒီမယ်ကလေးမ...မင်းအသက်နဲ့ဒို့အသက်အရွယ်ကွာတယ်ဆိုရင်တောင် အန်တီလောက်တော့ခေါ်ပေါ့ကွယ်...ခုမင်းဟာက ကြီးတော်ဆိုတာကြီးက မင်းမလွန်လေဘူးလားကွာ"
"ကျွန်တော့်ဟာက မလွန်ပါဘူး ကြီးတော်ရဲ့"
"မင်းနော် !!! ဒို့ကမင်းရဲ့ နာမ်စားခေါ်ဆိုမှုကိုပြောနေတာ တခြားအဓိပ္ပါယ်ကိုမပြောဘူး..."
"ဟောဗျာ...ကျွန်တော်ကလဲ ဘာပြောလို့လဲဗျ...ကျွန်တော်က ကြီးတော်ကို ကြီးတော်လို့ခေါ်တာ မှားသလားဗျ..."
"အန်တီလို့ခေါ်...ဒို့က ကြီးတော်အရွယ်မရောက်သေးဘူး..."
"မခေါ်နိုင်ပါဘူး...အန်တီလို့ခေါ်စေချင်ရင် နာမည်ပြော"
YOU ARE READING
အမုန်းမြို့တံတိုင်း၏အခြားတစ်ဖက်၌
Romanceမောင့်ကိုချစ်တယ် မောင့်လုပ်ရပ်တွေကိုမုန်းတယ် ဒါပေမဲ့ မောင့်ရဲ့ ညှို့ယူနိုင်စွမ်းပြင်းတဲ့ မျက်ဝန်းနက်တွေကြားထဲက ရုန်းမထွက်နိုင်တဲ့ ကိုယ့်ကိုက်ိုယ်ပိုမုန်းတယ်။ ဒေါ်ခင်နှင်းဆီ အန်တီ့ကိုမုန်...