8years later...
ဝှီးးး~~~
USကနေမြန်မာပြည်သို့လေယာဥ်တစ်စီးဆိုက်ရောက်ခဲ့သည်။ထိုလေယာဥ်ပေါ်မှာလင်္ကာတစ်ယောက်လိုက်ပါလာခဲ့သည်။
"အိုးဟိုး ငါ့ရဲ့ အမိမြေကြီးရေ လွမ်းနေပြီလားကွ...ငါပြန်လာပြီ...ပြီးတော့ ငါ့ရဲ့ တာဝန်တွေကိုလဲ စတင်ရတော့မယ်...အမ်း ဒီချိန်ဆို ဦးကျော်စွာတို့လဲ အလုံအလောက်ပျော်ရွှင်မှုတွေနဲ့ ဘဝကို ဖြတ်သန်းခဲ့ရလောက်ပြီးပြီပေါ့နော်...အဟက်!!!"
ခြေချတာနဲ့ စတင်ကြိမ်းဝါးလေသော အလင်္ကာရယ်ပါလေ။အသက်20ပြည့်ပြီးပြီဖြစ်သောလင်္ကာက မိန်းကလေးတစ်ဦးပေမဲ့ မိန်းကလေးကဲ့သို့ ဝတ်စားဆင်ယင်မှုမပြုပေ။အမြဲတစေအမဲရောင်နှင့်မီးခိုးရောင်များကိုသာဝတ်ဆင်လေ့ရှိသည်။အလင်္ကာမောင်ဆိုတဲ့လူသားကို အမျိုးသမီးငယ်လေးလို့ မခေါ်ဆိုသင့်ဘဲ အမျိုးသားငယ်ဟုပင်ခေါ်ဆိုလျှင်ပို၍တော်ကာကျလိမ့်မည်။အရပ်ကလည်း 5'10''ဖြင့် မိုးထိုးနေလေသည်။သူ၏ဆွဲဆောင်မှုအရှိဆုံးထဲကတခုကိုပြောပါဆိုလျှင် ထိုအရပ်ကိုပြေးပြီးလက်ညှိုးထိုးရမည်မှာ ဧကန်မှန်ပေသည်။
အလင်္ကာမောင်ရဲ့ မျက်နှာဟာ မေးရိုးသွယ်''မျက်ခုံးမွှေးဟာအနည်းငယ်ထူပြီးတန်းနေကာ နက်မှောင်နေသည်။နှာတံမှာလဲရှည်၍ချွန်ကာနေသည်။တစ်နည်းအားဖြင့်နှာတံစင်းသည်ဟုဆိုရမည်။နားထင်စပ်မှာ မှဲ့အနီလေးတလုံးဟာသူ့ရဲ့ထူးခြားချက်လို လူအများကိုဆွဲဆောင်နေသည်။နှုတ်ခမ်းပါးတို့ကပန်းနုရောင်သန်းနေကာ မျက်လုံးတို့မှာ ဝံပုလွေမျက်လုံးများကဲ့သို့ နက်မှောင်နေကာ စူးရှသောအကြည့်များရှိလေသည်။ထိုအကြည့်များကြောင့်ပင် လင်္ကာဟာ မိန်းကလေးနဲ့ယောကျာ်းလေးတွေအကြား ရေပန်းစားပြီးကြိတ်ကြွေစရာtypeမျိုးပင်ဖြစ်သည်။ အမျိုးသားများကပင်အားကျရလောက်တဲ့အထိကို သူ၏ဆွဲဆောင်မှုမှာပြင်းလွန်းသည်။
"Hello...လေးလေး"
"အင်း...သားငယ် အခုလေဆိပ်မှာလား...လေးလေးလာကြိုပါ့မယ်ဆိုတာကို မင်းကတော့လေ အမြဲတဇွတ်ထိုးနဲ့...လေးလေးအိမ်ကိုပဲ တန်းလာနော်...ဘယ်မှလျှောက်မသွားနဲ့...ကြားလား သားငယ်..."

YOU ARE READING
အမုန်းမြို့တံတိုင်း၏အခြားတစ်ဖက်၌
Romantikမောင့်ကိုချစ်တယ် မောင့်လုပ်ရပ်တွေကိုမုန်းတယ် ဒါပေမဲ့ မောင့်ရဲ့ ညှို့ယူနိုင်စွမ်းပြင်းတဲ့ မျက်ဝန်းနက်တွေကြားထဲက ရုန်းမထွက်နိုင်တဲ့ ကိုယ့်ကိုက်ိုယ်ပိုမုန်းတယ်။ ဒေါ်ခင်နှင်းဆီ အန်တီ့ကိုမုန်...