မင်္ဂလာဝတ်စုံတွက် ထပ်လာရွေးရင်း cakeဆိုင်လေးတစ်ဆိုင်မှာ ထိုင်ရင်းမောင်နဲ့စကားပြောနေမိတယ်။စကားပြောနေတုန်းကလေးမလေးတစ်ယောက်ကမောင့်လက်ကိုလာဆွဲပြီး
"ကိုကို...ဘာလို့ Bbyကိုပစ်ထားတာလဲ...bbyကဖြင့်လွမ်းနေတာကို ကိုကိုမကောင်းဘူးကွာ အဟင့်"
"မောင်သူကဘယ်သူလဲ"
"အာ ခဏလေးအန်တီ"
"ကလေးငယ် ကိုကိုပြီးရင် မုန့်လိုက်ဝယ်ကျွေးမယ်နော် ဟုတ်ပြီလား"
"မောင် အန်တီမေးနေတယ်လေ သူကဘယ်သူလဲ"
" ဒီမှာအဖွားကြီး ဒါက ဆုကိုကိုပါ...ရှင်နဲ့ဘာဆိုင်လို့မေးနေတာလဲ"
"မောင်ကငါနဲ့မကြာခင်လက်ထပ်တော့မဲ့သူကွဲ့ မင်းကရော ဘယ်ချောင်ကထွက်လာတာလဲ"
"ဘာရှင့် အဖွားကြီး!!! ကိုကိုတွေ့လား ဒီဘွားတော်ကြီးပြောပုံကို"
"ကိုကိုပြောပေးပါ့မယ်ကလေးလေးရာခဏနေပါအုံး...ဒီမှာခင်များ ကျုပ်ကလေးကိုအဲ့လောက်တော့မပြောနဲ့ကျုပ်မကြိုက်ဘူး"
"မောင်!!!သူ့ကိုအန်တီဘာမှမပြောရသေးဘူးလေ...အန်တီ့ကိုစော်ကားနေတာတွေကျ မင်းဒီတိုင်းရပ်ကြည့်နေတယ်နော်မောင်...မောင့်မှာအန်တီရှိနေပါလျက်နဲ့ ဒီမိန်းကလေးကဘယ်သူလဲမောင်...မောင်ပြောလေ အန်တီ့ကိုပြောလေ..."
ခင်မခံမရပ်နိုင်ဖြစ်မိတယ်။အရမ်းလဲဝမ်းနည်းရတယ်။မောင်ကတခြားမိန်းကလေးရှေ့မှာသူ့ကိုခင်များလို့သုံးနှုန်းလိုက်တာဟာခင့်အတွက်ရင်နာစရာကောင်းလှတယ်။ကိုယ်နဲ့လက်ထပ်တော့မဲ့လူကို ကိုကိုဆိုပြီးလာခေါ်တဲ့ကလေးမကရော ဘာဆိုင်လို့လဲ။အခုချိန်မှာကိုယ်ကအရှုံးသမားတစ်ယောက်လိုခံစားနေရတာတော့အမှန်ပင်။
"ကျုပ်ပြောတာနားထောင်...ဆုလင်းလက်သွယ်ဆိုတာကျုပ်ချစ်ရတဲ့မိန်းကလေးပဲ...ခင်များက ကျုပ်အပျင်းပြေကစားခဲ့တဲ့လူပဲ"
"မောင်..."
"မခေါ်နဲ့ ကျုပ်ကလေးရှေ့မှာ အဲ့လိုခေါ်တော့ ကလေးစိတ်မကောင်းဖြစ်လိမ့်မယ်"
"ဒါဆို အန်တီကရော...အန်တီမောင့်ကိုတကယ်ချစ်တာလေ...ဘာလို့အန်တီ့ကို လက်ထပ်ဖို့ထိ ရည်ရွယ်ထားတာလဲ"
![](https://img.wattpad.com/cover/376826096-288-k714734.jpg)
YOU ARE READING
အမုန်းမြို့တံတိုင်း၏အခြားတစ်ဖက်၌
Romanceမောင့်ကိုချစ်တယ် မောင့်လုပ်ရပ်တွေကိုမုန်းတယ် ဒါပေမဲ့ မောင့်ရဲ့ ညှို့ယူနိုင်စွမ်းပြင်းတဲ့ မျက်ဝန်းနက်တွေကြားထဲက ရုန်းမထွက်နိုင်တဲ့ ကိုယ့်ကိုက်ိုယ်ပိုမုန်းတယ်။ ဒေါ်ခင်နှင်းဆီ အန်တီ့ကိုမုန်...