မနက်ခင်းနေရောင်ခြည်တို့နှင့်အတူနိုးထလာ''ချင်းမြင်လိုက်ရတဲ့မောင့်မျက်နှာချောချောကခင့်ရင်ကိုနွေးထွေးစေတယ်။မျက်နှာလေးပေါ်လက်ညှိုးထိပ်လေးဖြင့်လိုက်တို့ထိကြည့်တော့မျက်ခုံးများတွန့်ချိုးကာမျက်လုံဖွင့်ကာစိုက်လာသောမောင့်ကြောင့်ခင့်မှာအရှက်သည်းရပြန်ပြီ။မောင့်မျက်နှာကလဲပြီတီတီနဲ့ခင့်တစ်ကိုယ်လုံးကိုစုန်ဆန်လို့ကြည့်နေတယ်။
"မောင်...နိုးပြီဆိုရင်လဲ သန့်ရှင်းရေးသွားလုပ်တော့လေကွယ်"
"အန်တီကလဲ တစ်အောင့်လောက် ဆက်မှိန်းနေပါရစေဗျာ...အန်တီ့ရဲ့အကြည်ဓာတ်လေးကို ကြည့်ချင်လို့"
"အိုကွယ်...မောင်ဟာလေသိပ်ဆိုးတာပဲ...လူကိုရှက်အောင်လုပ်နေပြန်ပြီ"
"မောင်ဆိုးတာ အန်တီအသိပဲလေ...အဟွန်း!ညကတင်မောင့်ရဲ့ဆိုးသွမ်းမှုတွေကြား အန်တီအော်ခဲ့ရတာမလား"
ထိုသို့ပြောလိုက်တော့ ခင့်မျက်နှာတစ်ခုလုံးနီရဲလာတာခရမ်းချဥ်သီးလေးတဖွယ်ဖြစ်ကာကုတင်ပေါ်မှပြေးဆင်းကာ ရေချိုးခန်းထဲသို့ဝင်သွားလေသည်။
"သန့်ရှင်းရေးလုပ်ဖို့အားရှိသေးရဲ့လားမောင့်အန်တီ!!! မောင်ကူပြီးလုပ်ပေးရမလားဗျ!!!"
"မင်းနော်!!! မောင်နှာဘူးကောင်!!!"
ရေချိုခန်းထဲမှရန်ပြန်တွေ့နေသောအန်တီ့ကြောင့်မောင့်မှာရီနေရလေသည်။သန့်ရှင်းရေးကိုယ်စီလုပ်ပြီးလို့အောက်ဆင်းကာထမင်းစားခန်းထဲဝင်တော့ ဒေါ်မြမဒီကကော်ဖီသောက်ရင်းသတင်းစာဖတ်နေတာကိုမြင်ရလေသည်။
"အော် သမီးတို့ပဲ...လာ''မနက်စာစားကြတော့...သမီးရေ လင်္ကာလေးကို မနက်စာစားဖို့ပြင်ပေးလိုက်ပါအုံးကွဲ့"
"သူ့မှာလက်ပါပါတယ်မေမေရယ်...သူ့သူထည့်စားပါစေ"
"ဒီသမီးနဲ့တော့ ...လင်္ကာကဧည့်သည်လေ သမီးပဲပြင်ဆင်ပေးလိုက်"
"ဟုတ်တယ်လေအန်တီကလဲ...မောင်ညကပင်ပန်းထားတော့လက်တွေမလှုပ်နိုင်ဘူးဖြစ်နေတယ်...မောင့်အန်တီကပဲပြင်ပေးပါနော်"
"မင်းနော်!!!လူကြီးရှိနေတာကို စကားပြောတာကမဟုတ်တရုတ်တွေနဲ့"
YOU ARE READING
အမုန်းမြို့တံတိုင်း၏အခြားတစ်ဖက်၌
Romanceမောင့်ကိုချစ်တယ် မောင့်လုပ်ရပ်တွေကိုမုန်းတယ် ဒါပေမဲ့ မောင့်ရဲ့ ညှို့ယူနိုင်စွမ်းပြင်းတဲ့ မျက်ဝန်းနက်တွေကြားထဲက ရုန်းမထွက်နိုင်တဲ့ ကိုယ့်ကိုက်ိုယ်ပိုမုန်းတယ်။ ဒေါ်ခင်နှင်းဆီ အန်တီ့ကိုမုန်...