(မျှော်နေကြမယ် ဆိုတာသိလို့ ရေးပြီးသလောက်လေး တင်ပေးလိုက်တယ်နော် ကလေးတို့ရေ🍓
ထပ်ဖတ်ချင်သေးရင် Comment လေးရေးပေးခဲ့ပါနော် မြန်မြန် update ပေးနိုင်ဖို့ပါ)ရာရာတို့ရန်ကုန်ကိုရောက်တော့ နောက်တစ်နေ့မနက်စောစောလောက်ဖြစ်သည်။
"ပြောင်းလဲသွားလိုက်တာနော် လမ်းထိပ်မှာ mini mart လေးတောင်ရှိနေပြီ"
"ဟုတ်တယ် ချာတိတ်ရဲ့ Ybs တွေလဲ လိုင်း၃လိုင်းလောက် ဆွဲတယ်ပြောတယ်"
"ဟီး ကောင်းတာပေါ့"
"ချာတိတ်"
"ဟင်"
"မနက်ဖြန် ညနေကျရင်တွေ့ကြမယ်နော်"
"ဟုတ်"
"ချာတိတ်ကအလှဆုံးဖြစ်နေမှာ ကိုယ်သိတယ်"
"ဟီးဟီး ဒီလိုပါပဲ"
"မွ တာ့တာကလေးလေး"
ရာရာ့ပါးကို အနမ်းတစ်ချက်ပေးလိုက်ပြီး နှုတ်ဆက်လိုက်သည်။
ကားပေါ်ကနေရာရာဆင်းလိုက်ပြီး အသက်ကို ဝအောင်ရှူလိုက်သည်။
"ဟူးး ငါ့ရဲ့ အတိတ်ဆိုးတွေရှိခဲ့တဲ့နေရာပါလား"
အိမ်ကိုလှမ်းကြည့်လိုက်တော့ ဆေးဖြူဖြူလေးတွေသုတ်ထားသည်။
ခြံထဲကနေ တိတ်တိတ်လေး ဝင်လာရင်း အိမ်ထဲကိုလှမ်းကြည့်တော့
သုံးတန်းအရွယ် ဘုန်းပြည့်စုံ က စာတွေထိုင်ရေးနေသည်။
"ဘုန်းပြည့်စုံ"
စာရေးနေရင်း ဘုန်းပြည့်စုံကလှမ်းကြည့်လိုက်သည်။
"ဟယ် ရာရာ"
"အမေရော"
"အနောက်မှာ ဟင်းချက်နေတယ်"
ရာရာအိမ်ထဲဝင်လာပြီး ပါလာတဲ့ အထုတ်တွေကိုချလိုက်သည်။
ပြီးတာနဲ့ တိတ်တိတ်လေးအနောက်ကိုဝင်လာသည်။
"အမေ"
"ဟယ် ရာရာ ရောက်လာပြီလား"
"ဟုတ်အမေ"
"ဟယ်ချောလာလိုက်တာ ထိုင်အုံးလေ"
"ဘာဟင်းတွေချက်နေတာလဲ"
"ပုစွန်ဆီပြန်ဟင်းပါအေ ညည်းအကြိုက်လေ"