ကျောင်းအဝင်းအတွင်းသို့ BMWကားအနက်တစ်စီးဝင်ရောက်လာသဖြင့် အံ့ဩကြီးစွာဝိုင်းကြည့်နေကြသည်။
ထို့နောက်ရုံးခန်းအတွင်း နှာခေါင်းလေးရှုံ့ကာ ငိုနေသော ခြူးခေတ်စံ ကို ဒေါ်ထိပ်ထားမှာ့ဆူပူနေကာ
"ဘာဖြစ်နေကြတာလဲ "
အသံလာရာ လှည့်ကြည့်ခိုက်တွင် ဈေးကြီးသော brand များကို ဝတ်ဆင်ထားသော ခပ်မိုက်မိုက်လေဒီပင်။
"မာမီ..." ထိုအမျိုးသမီးကို ပြေးဖက်ကာ ငိုနေသော ခြူးခေတ်စံဆီသို့ ထိပ်ထားကြည့်ကာ
"အဲ့တာ နင့်အမေလား"
"ဟုတ်..." အသံတုန်တုန်နှင့် ပြန်ဖြေနေသော ခြူးကို သူမအနောက်သို့ပို့ပြီးအရှေ့ထွက်ကာ ဒေါ်ထိပ်ထားဘက်သို့လှည့်ရင်း
"ကျွန်မသမီးကို အနိုင်ကျင့်တယ်ဆိုတဲ့
ကလေးရဲ့အမေလား""အနိုင်ကျင့်တယ်ပြောရအောင် ဒေဝီကခြူးခေတ်စံကို ရိုက်တာမဟုတ်ဘူးလေ ခြူးခေတ်စံကရိုက်တာ"
ဒေါ်ထိပ်ထားစကားအဆုံးတွင် ခြူးဘက်ကို လှည့်ကြည့်မိကာ လက်သည်းကိုက်နေသည်ကို တွေ့လိုက်သည်။ သူစိတ်လှုပ်ရှားတိုင်း လက်သည်းကိုက်တက်သည်ကို မဒီသိသည်။
"လျော်ကြေးအနေနဲ့ သိန်းတစ်ရာ ပို့ပေးလိုက်မယ် ကျေအေးပေးနိုင်တယ်မလား"
"ပိုက်ဆံကတော့ငါ့မှာလဲ ရှိတယ်
နင်ပေးမှာ့မဟုတ်ဘူး နင့်သမီးကို ကျောင်းထုတ်ရအောင်လုပ်မှာ""လုပ်လို့ရမလားလို့ လုပ်ကြည့်လိုက်လေ"
ကျောင်းအုပ်ကြီးနှင့်ရင်းနှီးနေသူအဖို့ ထိပ်ထားစကားကို ဂရုမစိုက်ကာ ခြူးလက်ဆွဲရင်း အိမ်သို့ပြန်လိုက်သည်။
ဆိုဖာပေါ်တွင် လက်သည်းဆက်ကိုက်နေသော ခြူးဘေးသို့ သွားလိုက်ပြီး
"ခြူး အဲ့လက်ကိုဆက်မကိုက်နဲ့တော့
မာမီမကြိုက်ဘူး"ကိုက်နေသော လက်တို့ကိုအောက်ချလိုက်ကာ မာမီ့ကိုဖက်ထာရင်း
"မာမီ သူတို့ကို ခြူးကိုအခြောက်လို့ပြောတယ် ခြူး မိန်းကလေးလိုပဲဝတ်ချင်တယ် အ ဟင့်....ဟင့် "
YOU ARE READING
Sugar Mommy
Romance18+ နည်းနည်းများမှာမလို့ အဖြူထည်သက်သက်ကြိုက်သောသူအများအတွက်မသင့်တော်ပါ။😞