မျက်နှာပူသဖြင့် တစ်ပတ်လောက်ထိခြူးကိုမျက်နှာချင်းမဆိုင်ကာ ရှောင်နေလိုက်သည်။
စိတ်ပျက်လက်ပျက်နှင့် ထိုင်နေသော ခြူးဘေးသို့ ရတုတို့သုံးယောက်ဝင်ထိုင်ကာ
"မိခြူးရေ ဘာတွေမှိုင်နေတာတုန်း"
"ဟိုကိစ္စပြီးကတည်းက မာမီငါ့ကိုရှောင်နေသလိုပဲဟာ "
"မယားပူမိတယ်ဆိုတာ ဒါမှာ့အစစ်"
"နင်တို့ကလဲ ဖဲ့မယ်ဆိုတာကြီးပဲ"
"မဖဲ့လို့လဲမရဘူးလေ ငါတို့ကသူစားပါစေရဲ့ဆိုပြီး ကူညီပေးလိုက်ရတာ သူကဖြင့်အစားခံလာရတယ်လို့"
"အဲ့တာတော့ ငါမှာ့မလုပ်တက်တာ"
"ဟုတ်ပါပြီ ဘော်တွန်မကြီးရယ်"
ရတု စလိုက်သဖြင့် ခြူးမျက်နှာနီရဲကာ ရှက်သွေးဖြာသွားသည်။
ထို့နောက်Second year စာမေးပွဲဖြေပြီးခြူးတို့အဖွဲ့ စုကာ
ရုပ်ရှင်သွားကြည့်ရန်ထွက်လာကြသည်။"ခြူးရေ ခြူး"
Toilet သွားရာမှာ့ ပြန်ပြေးထွက်လာသော သင်းရနံ့ကြောင့်လန့်သွားရာ
"ဘာဖြစ်တာလဲ သင်းရယ် လန့်လိုက်တာ"
"နင့် မာမီကြီး ဟိုဘက်မှာ" လက်ညှိုးထိုးလိုက်သဖြင့် ဆိုင်တစ်ခုထဲသို့ ခြူးတို့အမြန်ဝင်ပုန်းနေလေသည်။
ထိုဆိုင်ကို မဒီကျော်သွားမှာ့ ခြူးတို့အဖွဲ့အမြန်ထွက်လာကြသည်။
မာမီပြန်ပေါ်မလားဟု အနောက်ကိုတလှည့်လှည့်ချောင်းရင်း"ဒုန်းးးးး " ခပ်မိုက်မိုက် အမကြီးနှင့် ဝင်တိုက်မိလေသည်။
ဆံပင်ရွှေရောင်အား Wolf cut အတိုညှပ်ကာshirtအညိုလက်ရှည်အား တံတောင်ထိခေါက်တင်ထားပြီး ဂျင်းဒဲ့ပွနှင့်အလွန်ကြည့်ကောင်းသည်။
"Sorry နော်အမ
ခြူးမမြင်လိုက်လို့ပါ""ရတယ် ချာတိတ်"
"ဟုတ်ကျေးဇူးတင်ပါတယ်"
နာမည်တောင်မမေးမိချေ။ ချာတိတ်လို့ခေါ်ချင်းအပေါ်မကျေနပ်သည့်အလား ခြူးခံစားနေရသည်။
YOU ARE READING
Sugar Mommy
Romance18+ နည်းနည်းများမှာမလို့ အဖြူထည်သက်သက်ကြိုက်သောသူအများအတွက်မသင့်တော်ပါ။😞