Part(3)

15 4 0
                                    

Unicode

ဒေါ်ကြည်ကြည့်မြင့် ယနေ့မနက်စောစောထကာ ဘုရားဝတ်ပြုပြီးသည်နှင့် အာလူးဆနွင်းမကင်းပြုလုပ်ဖို့ အတွက် မီးဖိုခန်းထဲ ဝင်လာလိုက်သည်။

မီးဖိုခန်းထဲ မှာ သမီးဖြစ်သူ နွေဦးမေကလည်း အေပရွန်ကြီးဝတ်ပြီးတကုတ်ကုတ်နဲ့ ချက်ပြုတ်နေသည် ကို တွေ့လိုက်သည်။

အင်းပေါ့လေ ဒီနေ့က သမီးဖြစ်သူနွေဦးမေလည်း အလုပ်ရှုပ်နေလောက်ရောပေါ့။

အကြောင်းကတော့ ဒေါ်ကြည်ကြည်မြင့်ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ ဒေါ်နန်းခင်ဦးဆွေ တို့ မိသားစုလာလည် ကြမှာ​ပေဖြစ်သည်။

ဒေါ်ကြည်ကြည်မြင့်နဲ့ ဒေါ်နန်းခင်ဦးဆွေတို့က ငယ်စဥ်ကတည်းက ဘေးချင်းကပ်ရပ်အိမ်နီးနားချင်းလည်းဖြစ် သွားအတူစားအတူလာအတူ ညီမ ရင်းတွေထက်မခြားနေခဲ့ကြတဲ့သူတွေ ဖြစ်တယ်။ နှစ်ယောက်လုံးကလည်း မွေးချင်းအခြားမရှိတော့ ပိုပြီး ရင်းနှီးကြသည်။

ဒေါ်ကြည်ကြည်မြင့်ရဲ့ ဖခင် ဦးမင်းမြင့်က ကုန်သည်တစ်ဦးဖြစ်တာကြောင့် အနယ်နယ်အရပ်ရပ် ခရီးခဏခဏထွက်ရ​​လေ့ရှိသည်။ ခရီးထွက်တိုင်းလည်း ဒေါ်ကြည်ကြည်မြင့်နဲ့ သူ့အမေ​ဒေါ်မြကြည် တို့သားအမိနှစ်ယောက်ပါလိုက်လိုက်သွားခဲ့ရသည်။ဒေါ်ကြည်ကြည်မြင့်ရဲ့ အသက်ရှစ်နှစ်လောက်ရောက်မှ ဖခင်က ရှမ်းပြည်ဘက်က ကုန်သည်တစ်ဦးနဲ့ အချိတ်အဆက်မိပြီးဟိုမှာပဲ အတည်တကျ နေထိုင်ကာ စီးပွားရေးစပ်တူ လုပ်ခဲ့ကြသည်။

ထိုရှမ်းပြည်ဘက်က ကုန်သည်ကြီးက အခြားတော့မဟုတ် ဒေါ်နန်းခင်ဦးဆွေရဲ့ ဖခင် ဦးစိုင်းမာန် ဖြစ်သည်။ဒေါ်ကြည်ကြည်မြင့်ရဲ့ မိဘ နှစ်ပါးစလုံးက ရန်ကုန်ဇာတိဖြစ်သောကြောင့် ရှမ်း​ပြည်လိုနေရာစိမ်းက သူတို့အတွက် အခက်အခဲ တချို့တော့ရှိခဲ့သည်။ဦးစိုင်းမာန်က ဒေါ်ကြည်ကြည်မြင့်တို့ မိသားစုကိုလိုလေသေးမရှိအောင်ကူညီပေးခဲ့သည်။ ဦးစိုင်းမာန်ကျေးဇူးကြောင့်ပဲ ဒေါ်ကြည်ကြည်မြင့်တို့ မိသားစု ကိုယ့် ဇာတိမဟုတ်တဲ့ နေရာမှ ရပ်တည်နေထိုင်ရတာ လွယ်ကူခဲ့သည်။ ဦးစိုင်းမာန်က သူ့သမီးဖြစ်သူ နန်းခင်ဦးဆွေနှင့် ကြည်ကြည်မြင့်ကို ကျောင်းအတူတူတက်စေပြီး ကောလိပ်ထိပါအတူတူ အတူတူ တက်စေခဲ့သည်။ ကောလိပ်ကျောင်းပြီးတော့ နန်းခင်ဦးဆွေက သူ့အချစ်ဦးနဲ့ယူပြီး သူ့အမျိုးသားဇာတိဖြစ်ရာ မန္တလေးဘက်သို့ သျှောင်နောက်ဆံထုံးပါသကဲ့ သို့ လိုက်ပါသွားသည်။ ကြည်ကြည်မြင့်က တော့ ရန်ကုန်မှာပဲနေပြီး ပွဲရုံတစ်ခုမှာ စာရေးမ ဝင်လုပ်ရင်း ပွဲရုံပိုင်ရှင် ကိုကိုအောင် နဲ့ ချစ်ကြိုးသွယ်မိကာ အိမ်ထောင်ကျ ခဲ့သည်။

ချစ်လွန်း၍...........(ongoing)Where stories live. Discover now