Unicode
ဆယ်နှစ်ခန့်ကြာပြီးနောက်
မောင့်ချစ်ဦး
"ဗျာပါးပါး "
"သားလေး ပါးပါးကို ဟိုဘက်အိမ်ကို မုန့်လေးသွားပို့ပေးပါလား ပါးပါးတို့ အိမ်ပြောင်းလာတဲ့ အထိမ်းအမှတ်နဲ့ ပေးတာလို့ ပြောလိုက်အုံးနော်"
"ဟုတ်ပါးပါး ကိုကို သွားပေးလိုက်မယ်"
"သားဖြေးဖြေးလည်းသွားအုံးနော် ချော်လဲနေအုံးမယ် "
"ဟုတ်ကဲ့ပါးပါး "
ထွက်သွားတဲ့ သားလေးကိုကြည့်ပြီး ချစ်ဦးသူ ပြုံးလိုက်သည်။
ဘာလိုလိုနဲ့ သားလေးတောင် အသက်ဆယ်နှစ်ပြည့်သွားခဲ့ပြီ အချိန်တွေက ကုန်တာမြန်လိုက်တာ သားလေးကို မွေးပြီးနှစ်နှစ်လောက်အကြာမှာ အချစ်တို့တွေ မိသားစုလိုက် မောင့် အလုပ်ကိစ္စကြောင့် ရန်ကုန်က အိမ်ကိုရောင်းကာ အီတလီမှာ သွားနေခဲ့ကြသည်။
သားလေးကို သူများနိုင်ငံမှာမကြီးပြင်းစေချင်တာကြောင့် အချစ်လည်းတိုင်းတစ်ပါးမှာ မနေချင်တာရောကြောင့် မောင့်ကိုပူဆာကာ မြန်မာနိုင်ငံမှာပဲ ပြန်လည်အခြေချလာခဲ့သည်။ အခုဆိုရင် မောင်ပိုင်တဲ့ Sun company ကလည်း တဖြည်းဖြည်းအောင်မြင်လာပြီမို့ မြန်မာပြည်မှာ company ခွဲတစ်ခုဖွင့်ကာ အချစ်တို့ မိသားစုတွေ မြန်မာပြည်ကိုပြန်လာခဲ့ကြသည်။
အရင်အိမ်အဟောင်းက ရောင်းလိုက်ပြီဖြစ်တာကြောင့် မောင့်သူငယ်ချင်းအဆက်အသွယ်နဲ့ပဲ အိမ်ဝယ်ခိုင်းထားလိုက်ကာ အိမ်သစ်မှာသာ မိသားစုတွေနေထိုင်ကြတော့သည်။ ဘေးအိမ်က တရားသူကြီးတစ်ယောက်ရဲ့ အိမ်လို့လည်း မောင့်သူငယ်ချင်းက ပြောတာကြောင့် ပတ်ဝန်းကျင်လည်းသန့်တော့ အချစ်တို့လည်း ဘာမှမစဥ်းစားတော့ဘဲ မောင့်သူငယ်ချင်းညွှန်းပေးတဲ့အိမ်ကိုသာဝယ်လိုက်သည်။
အခုလည်း အချစ်ကိုယ်တိုင် ကိတ်မုန့်လုပ်ကာ အိမ်နီးနားချင်းတွေကိုပါ လိုက်ဝေပေးရင်း လိုက်မိတ်ဆက်နေခြင်းဖြစ်သည်။
မောင့်ချစ်ဦး လက်ထဲက ကိတ်မုန့်ပန်းကန်လေးကို ကိုင်ထားပြီး ခြံရှေ့က ဘဲလ် ကို တချက်နှိပ်လိုက်သည်။