Unicode
၅နှစ်ခန့်ကြာပြီးနောက်...
"ကိုကို ဖွားဖွားဆွေတို့အိမ်ကို အာလူးဆနွင်းမကင်းလေးသွားပို့ပေးပါအုံး"
ပိုင်မှူးနောင်လည်း လက်ထဲကိုင်ထားတယ့်ဘောပင်ကို ဆောင့်ချလိုက်ပြီး
*မေမေကလည်း လုပ်ပြီ အဲ့အိမ်ဘက်မသွားချင်ပါဘူးဆိုမှ အားနေအဲ့ဘက်အိမ်ကိုပဲလွှတ်နေလိုက်*
ပိုင်မှူးနောင် စိတ်ထဲကသာမကျေနပ်ချက်ပြောနေရပေမယ့် လက်တွေ့မှာတော့ မအေဖြစ်သူ လက်ထဲက အာလူးဆနွင်းမကင်းပန်းကန်ကို ယူကာ ဘေးခြံဘက်သို့ထွက်လာသည်။
မထွက်လာလို့လည်း မရဘူးလေ သူ့အမေ ဒေါ်နွေဦးမေ လက်ဆ ကို သိနေတာမို့ ခိုင်းတဲ့အတိုင်းသာ လုပ်ရမည်။မဟုတ်ရင်တော့ ခေါင်းမှာ အာလူးသီးပဲထမလား ကျောကုန်းမှာလက်ငါးချောင်းရာပဲ ထင်မလားမှ မပြောနိုင်တာ။
ပိုင်မှူးနောင် ဖွားဆွေအိမ်ရှေ့ရောက်တော့ ခြံထဲမှာစာကျက်နေတဲ့ မင်းထက်မြတ်ပိုင် ဆိုတဲ့အကိုကို တွေ့လိုက်သည်။
အဲ့အကိုကို စတွေ့ကတည်းကအခု ချိန်ထိတချက်မှကြည့်မရပေ။ အိမ်ကလူတွေအကုန်လုံးက သူ့ကိုဆို အကောင်းပဲပြောနေကြတာ ။ညီညီကလည်း သူ့အနားပဲတစ်ချိန်လုံးကပ်နေ ကိုယ်ကသူ့အကိုအရင်းလား အဲ့တစ်ယောက်က သူ့အကိုအရင်းလားတောင်မသဲကွဲ။မေမေဆိုရင်လည်း အမြဲသူ့အကြောင်းတွေချည်း ချီးမွမ်းနေတာ သားထက်မြတ်ကတော်တယ် သားထက်မြတ်ကဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ပြောလို့ကိုမဆုံး။ မသိရင်ကိုယ်က ကျငတုံးကျနေတာပဲ။
ပိုင်မှူးနောင်လည်း နှုတ်ခမ်းကိုဆူပြီး ခြံဝန်းထဲမှာ ထိုင်နေတဲ့ သူကိုမမြင်ချင်ယောင်ဆောင်ကာ အိမ်ထဲဝင်လာလိုက်သည်။
"အန်တီဘရဏီရေ အန်တီဘရဏီ"
"မေမေတို့ အပြင်သွားကြတယ် နောင်လေးရဲ့"
ပိုင်မှူးနောင်လည်း နောက်ပါးက ကြားလိုက်ရတဲ့အသံကြောင့် မပြုံးချင်ပေမယ်လည်း မျက်နှာကိုပြုံးလိုက်ပြီး
*ဘာနောင်လည်း အချဉ်ပေါင်းရောင်းတဲ့နောင်နောင်လား*
"မေမေမုန့်လာပို့ခိုင်းလို့ အကိုထက်မြတ်"