Unicode
တီ..တီ..
ခြံဝန်း ထဲ ကားဝင်လာတဲ့ အသံကြားတာကြောင့် နွေဦးမေလည်း အပြင်ဘက်ထွက်လာကြည့်လိုက်သည်။
"ဟယ် အကို..ကြည့်စမ်းးဒီနေ့ပြန်လာမှာကြိုလဲမပြောဘူး အကိုကတော့နော်"
"ဟားဟားအကိုက နွေ့ကိုအံ့ဩစေချင်လို့ပါကွ"
နွေလည်း ခင်ပွန်းဖြစ်သူလက်ထဲက အိတ်ကိုလွှဲလိုက်ယူလိုက်ပြီး
"ဒါနဲ့ အခြေအနေဘယ်လိုလဲ ပြောပါအုံးရှေ့နေကြီးရဲ့ အမှုအတွက်လိုအပ်တဲ့ အချက်တွေရခဲ့ရဲ့လား"
"အင်း ကိုယ်လိုအပ်တဲ့ တချို့အချက်အလက်တွေတော့ရခဲ့ပါတယ်"
"ဟုတ်ပါပြီ ..ဒါနဲ့ အကို ..သံပုရာရည်သောက်မလား နွေသွား ဖျော်လိုက်မယ်လေ"
"ကောင်းသားနွေရဲ့ ကိုယ်လည်းကားအကြာကြီးစီးလာတော့ ခေါင်းနည်းနည်းနောက်ချင်နေသလိုပဲ"
"ဒါဆို နွေသံပုရာရည်သွားဖျော်လိုက်မယ်နော်"
"အင်း ဒါနဲ့ အိမ်က တိတ်ဆိတ်နေပါလား ကလေးတွေရော"
"အော်သားတို့ကသူတို့ အခန်းထဲမှာ နေ့ခင်းနေ့လယ် တရေးတမောအိပ်နေကြတယ်"
"ဒါဆို သံပုရာရည်ဖျော်ပြီးရင် သားတို့ အခန်းထဲ ယူလာလိုက်နော် ကိုယ်သားတို့ဆီသွားလိုက်အုံးမယ်"
"ဟုတ်အကို"
ဦးသက်ရှိန်နောင် ဇနီးဖြစ်သူကိုပြောပြီးတာနဲ့ သားဖြစ်သူ အခန်းဆီ သွားလိုက်သည်။
ဒေါ်ကြည်ကြည်မြင့်လည်း သမက်ဖြစ်သူက မြေးဖြစ်သူ အခန်းထဲဝင်သွားတာမို့ နောက်ကနေအသာလေး ချောင်းကာ လှမ်းကြည့်လိုက်သည်။
ဦးသက်ရှိန်နောင် သားတို့ အခန်းထဲဝင်လိုက်တာနဲ့ ခြေကားယားလက်ကားယားအိပ်နေတဲ့ သားနှစ်ယောက်ကိုကြည့်ပြီးပြုံးလိုက်သည်။
သူလည်း ခြေသံ မမြည်အောင်ဖွဖွလေးလျှောက်ကာ သားဖြစ်သူတို့ ရဲ့ ကုတင်နားသွားပေမယ့် အအိပ်ဆက်တဲ့ သားကြီးက နိုးလာပြီး သူ့ကို မြင်တော့ ဝမ်းသားအားရနဲ့ ကုတင်ပေါ်က ဆင်းကာသူ့နားကိုပြေးလာသည်။