Unicodeကိုကို!!
"အခုချက်ချင်း ငါ့ဆီလာခဲ့စမ်း"
ကိုကို ညီညီနဲ့ အတူဆော့နေရင်း ဒေါသတကြီးနဲ့ ရောက်လာတဲ့ အမေဖြစ်သူကြောင့် မသိစိတ်ကနေ ဘုရားတနေမိလိုက်သည်။
သူ့အမေ ဒီလိုဒေါသ ထွက်လာရင် တော့ သေချာပေါက်သမခံရတော့မယ် (ရိုက်ခံရတော့မယ်) ဆိုတာ သူသိနေသည်။
သူ့ခေါင်းထဲလည်း ဘာအပြစ်များလုပ်ထားမိလဲဆိုတာ ဦးနှောက်ကို အလုပ်ပေးရင်း အမြန်စဉ်းစားနေသည်။
"ဟဲ့ နွေဦးမေ ဘယ်လိုဖြစ်တာလဲ အော်ကြီးဟစ်ကျယ်နဲ့"
"ဘယ်လိုဖြစ်ရမှာလဲ အမေမြေး အကြီးကောင်ကြောင့်ပေါ့"
ကိုကို့ စိတ်ထဲ အိမ်ပေါ်ထပ်က ဆင်းလာတဲ့ အဖွားဖြစ်သူကိုကျေးဇူးပြေးတင်မိသည်။
ဖွားဖွားသာရှိရင် သူ့အမေက သူ့ကိုဆူရင်တောင် အနည်းဆုံးအဆူပဲ ခံရပြီး အရိုက်တော့ မခံရလောက်ဘူးလို့လည်း တွေးမိသည်။
"ကိုကို! ငါခေါ်နေတာ နင်မကြားဘူးလား "
နွေဦးမေလည်း အပြောထက်က လက်က မြန်တဲ့ သူဆိုတော့ ပြောလည်းပြောရင်း သားဖြစ်သူနားကိုသွားကာ နားရွက် ကို ခပ်နာနာလေးလိမ် ဆွဲလိုက်သည်။
"အားးးမေမေ နာတယ်"
"ငါ့ကိုပြောစမ်း နင်ဒီလ အဆင့်ဘယ်လောက်ရလဲဟမ်"
*ဘုရားဘုရားး ဒါငါစိတ်ထဲထစ်မိနေတဲ့ ကိစ္စပဲ မဟုတ်လောက်ပါဘူး ထင်နေတာ တကယ်ပဲ အဲ့ကိစ္စကြီးလား*
ဟို ဟို
"ငါ့ကို ဟိုတွေဒီတွေလာမပြောနဲ့ ငါအခုပဲ ဈေးထဲ မှာ နင့်အတန်းပိုင်နဲ့ တွေ့လာလို့ အကုန်သိပြီးပြီ နင်ဒီလ အဆင့်သုံးဆို ဟုတ်လား"
"ဟုတ်ဟုတ်တယ်မေမေ"
ဖြောင်းး
ဖြောင်းး
ဖြောင်းး
"ဘာလို့ အဆင့်သုံးလဲ ဟမ် နင့်ကို အိမ်မှာ ငါတို့က ဘာအလုပ်တွေခိုင်းနေလို့ နင်က အဆင့်သုံးရအောင်ဖြေလာရတာလဲ"
နွေဦးမေ ပြောလည်းပြော လက်ကလည်း သားဖြစ်သူရဲ့ ကျောကုန်းကို အဆက်မပြတ်ရိုကခ နေသည်။