Part(14)

21 1 2
                                    

Unicode

ကားလမ်းမပေါ်က သွားလာနေတဲ့ကားတွေကိုကြည့်ပြီး ပိုင်မှူးခန့်လည်း  လမ်းမပေါ်တက်၍ လက်တားက လာသမျှကားကိုရလိုရငြား ဌားနေသည်။

သို့သော် အခုက ညဆယ်နာရီ ရှိနေပြီဖြစ်သောကြောင့်လား မသိ ကားတွေ အကုန်သိမ်းချိန်ရောက်နေပြီး taxi တွေကလည်း အလာ ကြဲလာသည်။

ဒီနေ့ ညနေ ဆေးရုံက အပြန် သူငယ်ချင်း တစ်ယောက်နေမကောင်းတာမို့ ပိုင်မှူးခန့်လည်း လူနာသတင်းသွားမေးရင်း သွားလိုက်တာ သွားတုန်းက အကောင်းအပြန်မှ ဒုက္ခ ရောက်နေသည်။

 သူငယ်ချင်းဖြစ်သူနဲ့စကားကောင်းနေရင်း ညကိုးနာရီလည်း ထိုးပြီမို့ သူလည်း စကား ကိုဖြတ်ကာ အိမ်ပြန်လာလိုက်သည်။

အိမ်နားမရောက်ခင် သုံးမှတ်တိုင်လောက်အလိုမှာ ကားက ရုတ်တရက် စက်ရပ်သွားတာကြောင့် ကားပေါ်ကဆင်းကာ တချက်စစ်ကြည့်လိုက်သည်။

စစ်သာကြည့်ပေမယ့် သူကိုယ်တိုင်က ကားကို ေမာင်းသာမောင်းတက်ပြီး မပြင်တက်တာကြောင့် ကားဌားပြီးပြန်လိုက်ဖို့သာတွေးလိုက်သည်။

ကားကိုတော့ ဒီမှာထားခဲ့ပြီး မနက်မှပဲ ဝပ်ရှော့ကို လာယူပေးဖို့အတွက်ဖုန်းဆက်လိုက်မည်။

သို့သော် အချိန်က တစ်နာရီလောက်ကြာသွားပြီး ကားတစ်စီးမှ မရတာကြောင့် ပိုင်မှူးခန့်လည်းစိတ်ပေါက်ပေါက်နဲ့ လမ်းလျှောက်သာပြန်ဖို့ဆုံးဖြတ်လိုက်ပြီး ကားထဲက ဆေးအိတ်နဲ့ ပိုက်ဆံ အိတ်ကို ယူလိုက်ထွက်သည်။

လမ်းမီးအဝါရောင်တွေအောက်မှာ ခပ်သွက်သွက်လမ်းလျှောက်နေရင်း အရှေ့က မြင်လိုက်တဲ့ လူသုံးယောက် ကြောင့် သူလည်း မျက်မှောင်ကြုံ့လိုက်ပြီး မမြင်ချင်ယောင်ဆောင်ကာ ခပ်မြန်မြန် လျှောက်လာလိုက်သည်။

သို့သော် ထိုလူတစ်စုကို ကျော်လာတာနဲ့ သူခြေဖျားလက်ဖျားတွေအေးစက်လာသည်။ အနောက်ကနေ လည်း လူလိုက်လာသလိုခံစားလိုက်ရသည်။

ပိုင်မှူးခန့်လည်း နောက်ကို လုံးဝ လှည့်မကြည့်ပဲ လက်ထဲ က အိတ်ကို တင်းတင်းကိုင်ကာ အရှေ့တည့်တည့်ကိုကြည့်ပြီး မြန်မြန် လျှောက်လိုက်သည်။

ချစ်လွန်း၍...........(ongoing)Where stories live. Discover now