အပိုင်း-၂ -ကျိန်ဆိုပြောခြင်း
ရှယ်ယွီ. “?”
ဒါ ဘယ်လိုကြီးတုန်း? အကြောင်းမဲ့သက်သက် မြစ်ထဲခုန်ချချင်တဲ့လူတွေလည်း ရှိသေးတာလား။
ရှယ်ယွီ ကြက်သေ သေ နေမိသည်။
သူ့မြွေအမြီးဖြင့် ဆွဲမတင်ခင်မှာပင် ထိုလူက ချက်ချင်းထရပ်လာသည်။
ရေတိမ်တိမ်လေးမှာ မည်သူမျှမနစ်နိုင်ပေ။
ကျင်းကျန်းမြန်က ထရပ်လိုက်သည်။ ရေက ခါးလောက်သာနက်၏။
ရေနစ်မွန်းသည့်ခံစားချက်မှာ ကြောက်စရာကောင်းလှသည်။ ခုန်ပြီးမှ သူနောင်တရမိသေးသည်။ တစ်ကြိမ်တည်းနှင့် သူနားလည်သွားခဲ့ပြီ။
ငရဲတံခါးမှဖြတ်သန်းလာခဲ့ပြီးနောက် သူဘာကိုများ နားမလည်နိုင် မပွင့်လင်းနိုင်ဖြစ်ရဦးမည်နည်း။
သူတို့ အားလုံးကိုဖြတ်သန်းလာကတည်းက သူတို့လာသည့်အခါတွင်လည်း လုံခြုံရမည်။
အမှန်တကယ်တော့ အကူအညီမဲ့ခြင်းကြောင့်ဖြစ်နိုင်ပြီး အသက်ရှင်ဖို့အပေးအယူတစ်ခုဖြစ်နိုင်သည်။
သူ့ဝတ္ထုများထဲတွင် အခြားကမ္ဘာဆီသို့ကူးပြောင်းသည့် ဥပမာများကိုဖတ်ခဲ့ဖူးပြီး မည်သည့်ဝတ္ထုတွင်မှ ပြန်ကူးပြောင်းသွားနိုင်ခဲ့ခြင်း မရှိပေ။
တန်ဖိုးရှိလှသောဘဝမို့ သေလို့တော့မဖြစ်ပေ။
သူ့ကိုယ်သူ သတ်မသေမိတာ ပိုကောင်းလိမ့်မည်။
ကျင်းကျန်းမြန်က ကမ်းခြေဆီ ဘာမှမဖြစ်သလိုပြန်လာခဲ့သည်။
ရှယ်ယွီက မိန်းမောနေသော သူ့ကိုကြည့်နေပြီးမှ ပခုံးကိုလာပုတ်သည်။
“မင်း ကြောက်သွားတာလား”
“ဟုတ်တယ်...ကြောက်စရာကောင်းတယ် တကယ်ကိုကြောက်စရာကောင်းတယ်”
ဖြစ်နိုင်တာက တစ်ဖက်လူသည် သူ၏ကိုယ်ပိုင်မျိုးနွယ်စုဆီမှ စွန့်ပစ်ခံလိုက်ရတာပင်။ သူက ထိုအကြောင်းကို ထပ်မစဉ်းစားချင်သောကြောင့် မြစ်ထဲသို့ ခုန်ချချင်ခဲ့တာဖြစ်မည်။