အပိုင်း(၉)
ဘိုးဘေးကြောင်ကတိုးဒီကြောင်က တော်တော်ရယ်ရတာပဲ။ သူက မည်သူမို့လို့ လဲ။ သူ ကျင်းကျန်းမြန်အပေါ် အထက်စီးလာဆန်နေသည်ဆိုရင်တော့ မှားသွားပေလိမ့်မည်။
မင်းပြောတဲ့နေ့က ဘယ်တော့မှ ရောက်လာနိုင်မှာမဟုတ်ဘူးကွ။
ထိုခဏတွင်ပဲ ကြောက်စရာကောင်းသည့်အသံတစ်ခု မလှမ်းမကမ်း တစ်နေရာမှ ထွက်ပေါ်လာလေသည်။
ထိုသည်က သားရဲတစ်ကောင်၏ ဟိန်းသံဖြစ်သည်။
ကြောင်ကတိုးကောင်မှာ တစ်ကိုယ်လုံး ဝပ်ကျသွားပြီး အမြီးကုတ်ကာ အကာအကွယ် ယူလိုက်သည်။
ကျင်းကျန်းမြန်လည်း အန္တရာယ်တွင်း ကျရောက်တော့မည်ကို နားလည်လိုက်တာကြောင့် ဘေးဘီကို ကြည့်ရင်း ပုန်းရမည့် နေရာကို အမြန်ရှာဖွေရလေသည်။
ဆိုးတာက နောက်ကျသွားပြီဆိုတာပင်။
မကောင်းဆိုးဝါးလို့တောင် ထင်ချင်စရာကောင်းသည့် သားရဲကြီးတစ်ကောင်က မျက်စိရှေ့တွင် ဘွားခနဲ ပေါ်လာပြီဖြစ်၏။
မကောင်းဆိုးဝါး၏ ပုံသဏ္ဍာန်က အိမ်မြောင်ကြီးတစ်ကောင်လို မျက်လုံးတွေ နီရဲနေကာ ခန္ဓာကိုယ်က မြင်ကွင်းထဲတွင် တရိပ်ရိပ်ဖြင့် ကြီးကြီးလာပြီး ထိုအကောင်၏ ကျောပေါ်တွင် လိပ်ခွံလို မာကျောသည့် အခွံကြီးတစ်ခုရှိလို့နေ၏။
ကျင်းကျန်းမြန်တစ်ယောက် နေရာတွင်ပင် အံ့အားသင့်ပြီး တောင့်တင်းစွာ ရပ်နေမိသည်။
ဒီလောက် ထူးဆန်းတဲ့ မျိုးစိတ်တွေကို တစ်ခါမျှ မမြင်ဖူးခဲ့။
ကြောင်ကတိုးက အခြေနေ မူမမှန်တော့တာကို သိတော့...သူ့ကိုပြောလာသည်။
“ပြေးရအောင်”
“နောက်ကျသွားပြီ၊ မင်းပဲပြောတော့ မင်းက စွမ်းအားကြီးတယ်ဆို၊ အခု မင်းရဲ့ စွမ်းဆောင်ရည်ကို ပြသဖို့ အချိန်ရောက်ပြီ လုပ်လိုက် ကြောင်ကတိုးလေး။ မင်းအစွမ်းတွေကို ပြဖို့အချိန်ရောက်ပြီ”
ကျင်းကျန်းမြန်ရဲ့ အမူအရာက တောင်းဆိုနေသည့် အလားပင်။
သို့သော်လည်း ကြောင်ကတိုးက ကြီးလာရမည့်အစား အမြီးကိုချပြီး လက်နှစ်ချောင်းကို မြောက်ကာ ရုတ်တရက် ထောင်လိုက်သည်။