အပိုင်း(၆) အစ်ကိုကြီးကို အရမ်းသဘောကျတာ
ရှယ်ယွီတစ်ယောက် သေသွားသည့် ရစ်ငှက်ကို ကြည့်ရင်း အပြစ်ရှိသလို ခံစားလာရသည်။
ရှောင်ယာတွေဆိုတာ ရစ်ငှက်ကို ကြိုက်နှစ်သက်ကြသည်မဟုတ်ပေ။
ရစ်ငှက်ဆိုတာ တခြားသော တောဝက်၊ အမွှေးထူသားများနှင့် အမဲသားများနှင့်နှိုင်းယှဉ်ပါက မြိုချရ ခက်ခဲပြီး တခြားအသားများထက်လည်း ပိုမာသည်ပင်။
ဒီလို ငှက်မျိုးရဲ့ အညှီနံ့ကို အစိမ်းပဲ စားစား၊ ကင်ပဲစားစား ဖျောက်ပစ်ရန်မှာ လွယ်သည် မဟုတ်။
သားရဲအမများအတွက် အမုန်းဆုံး အသားဆိုလည်း မမှားချေ။
ပုံမှန်ဆိုလျှင် သားရဲအမတွေနှင့် ရှောင်ယာတွေက အမွှေးထူသားကောင်များ၏ အနူးညံ့ဆုံးအပိုင်းကို စားလေ့ရှိသည်။ ထိုအသားများက ကင်ပြီးသည့်အခါတွင် အညှီနံ့ ပျောက်သွားပြီး အရသာရှိလာ၏။
ရှယ်ယွီတစ်ယောက် အပင်ကို ခုတ်ဖြတ်နေသည့်အချိန် သားကောင်ဆိုလို့ ရစ်ငှက်တစ်ကောင်ပဲ တွေ့ခဲ့ရသည်။အရသာရှိသည့် သားကောင် ကောင်းကောင်း မွန်မွန် တစ်ကောင်လောက် ပြန်မဖမ်းလာနိုင်ခဲ့သောကြောင့် ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိသည်။
“အစ်ကိုကြီးက အသုံးမကျလို့ ရစ်ငှက်ပဲ ဖမ်းနိုင်ခဲ့တယ်”
ကျင်းကျန်းမြန်က ဖျောင်းဖျလိုက်သည်။
“အစ်ကိုကြီး အသုံးမကျဘူးလို့ ဘယ်သူကပြောလဲ။ အစ်ကိုကြီးက အသုံးကျပါတယ်နော်၊ အစ်ကိုကြီးက တကယ် အကောင်းဆုံးပါ။ ကျွန်တော်က အစ်ကိုကြီးကို သဘောအကျဆုံးပဲ၊ အစ်ကိုကြီးကို အရမ်းသဘောကျနေတာပါဗျ”ကျင်းကျန်းမြန်တစ်ယောက် ထိုသို့သောစကားတွေကို ပြောပြီးတာတောင် အစ်ကိုကြီးဘေးတွင် ဆက်နေ နေရသေးသည်မှာ နည်းနည်း ပူလောင်သွားသလို ခံစားလိုက်ရသည်။ ဒါက ရှက်ဖို့ကောင်းတယ်မဟုတ်ဘူးလား။
ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုကြီးရောက်လာတော့ သူ့ကို ခုနက နှောင့်ယှက်နေသည့် ခြင်တွေရဲ့ အသံတောင် မကြားရတော့။