အပိုင်း(၁၁)
အိမ်တစ်လုံးဆောက်လုပ်ခြင်း၊ စားပွဲနှင့် ထိုင်ခုံများပြုလုပ်ခြင်းကျင်းကျန်းမြန် တစ်ဖက်တွင် မီးပုံ ဖိုထားပြီး ကြောင်ကတိုးလေးကိုလည်း ဝင်ခွင့်ပြုလိုက်ပြီးနောက် သူ့ကိုယ်သူ ကိုယ်လက်သန့်စင်ဆေးကြောလိုက်သည်။
ရှယ်ယွီက တစ်ခါတည်းငါးဆေးဖို့လုပ်နေသေးသော်လည်း သူခွင့်မပြုခဲ့ပေ။
ရှယ်ယွီ၏ခန္ဓာကိုယ်အနှံ့သာမက လက်တစ်ဖက်ကပါ ဒဏ်ရာရထားပြီး ကျန်တစ်ဖက်ဖြင့်အလုပ်လုပ်နေသော်လည်း ဒဏ်ရာမှာရေစိုဆဲဖြစ်ရာ အခြေအနေပိုမဆိုးသွားဖို့သာ မျှော်လင့်နေရသည်။
ကျင်းကျန်းမြန်က ရှယ်ယွီကို ငါးရေမဆေးမိစေဖို့ မီးဖိုကို တစ်ချက်သွားကြည့်ဖို့ ပြောလိုက်သည်။
ချက်ထားသောငါးက ဆူပွက်သွားပြီးနောက် ကျင်းကျန်းမြန်က ရှယ်ယွီ၏ဒဏ်ရာကို ကြည့်ပေးသည်။
ရှယ်ယွီ၏ အနာကျက်နှုန်းကအရမ်းမြန်ပြီး အနာဖေးများတက်နေလေပြီ။
“အစ်ကိုကြီး နာနေသေးလားဟင်”
ရှယ်ယွီက တကယ့်ကို တည်ငြိမ်နေပြီး အဆင်မပြေသည့်ပုံစံလည်းမပြပေ။
ကျင်းကျန်းမြန် သူ့ကို အားကျမိသည်။
သူသာ ဤမျှဒဏ်ရာကြီးကြီးရခဲ့ပါက ခံနိုင်ရည်မရှိဘဲ နေ့တိုင်း မျက်နှာရှုံ့မဲ့မဲ့နေမိမည် ဖြစ်သည်။
ကြောင်ကတိုးသည် သူ့အမွှေးလေးများကို လျှာဖြင့်လျှက်ရင်း...
“သူက မနာတတ်ပါဘူး၊ သူ့ခွန်အားက နည်းတာမှမဟုတ်တော့ဒဏ်ရာကလည်း မြန်မြန်ကျက်တာပေါ့ ဒီဒဏ်ရာလောက်လေးကို ကုမပေးရင်တောင် သူ့အတွက်က အဆင်ပြေတယ်”
ကြောင်ကတိုးစကားကြောင့် ရှယ်ယွီတစ်ယောက် စိတ်ညစ်သွားလေသည်။ အေးစက်သောမျက်လုံးများဖြင့် ကြောင်ကိုကြည့်ရင်း အာရုံနောက်လာ၏။
အားမြန်လေး သူ့ကို ဂရုစိုက်နေခြင်းကို တယုတယခံချင်ပါသော်လည်း အလိုက်မသိသော ကြောင်ကတိုးက ဝင်နှောင့်ယှက်နေသည်။