ထယ်ယောင်း ဒီအခြေအနေကြီးထဲက ထွက်ပြေးမိလိုက်ချင်သည် မနက်ကဂျွန်အီသန်ဟာ ဒီလိုမျိုးမဟုတ်ပေ အခုဂျွန်အီသန်ဟာ သိပ်ကို ကြောက်ဖို့ကောင်းသည်
"အ့ ဟ့"
ထယ်ရဲ့ မေးစေ့ကို ဆွဲကိုင်ကာ
"ခများ ကျုပ်ကိုအဲ့လိုအကြည့်မျိုးနဲ့မကြည့်နဲ့"
"မုန်းတယ်"
"အေးအေးဆေးဆေးနေချင်ရင် အဲ့စကားတွေထပ်မပြောနဲ့"
"မုန်းတယ် မင်းကိုမုန်းတယ်"
"ကျုပ်ခများကို ထပ်မပြောနဲ့လို့ပြောနေတယ်နော်"
"လည်ပင်း အ့"
"ကျုပ် သိပ်စိတ်ရှည်တာမဟုတ်ဘူး"
မြေပြင်ပေါ်လဲနေသော ထယ်ယောင်းကို ကောက်ပွေ့ပြီး အိမ်ထဲသို့ခေါ်ကာဆိုဖာပေါ်တင်လိုက်သည်
သူရိုက်ခဲ့တဲ့ ပါးလေးကို ငြင်သာစွာပွတ်ပေးပြီး"လိမ္မာစမ်းပါ ကင်မ်ထယ်ယောင်းရာ"
"မကိုင်နဲ့"
"ကျစ်!ခများဘာလို့ အဲ့လောက်ဆိုးနေတာလဲ"
"ငါဆိုးနေတာလား မင်းဆိုးနေတာလား သေချာပြန်စဉ်းစားပါအုံး"
"ကျုပ်က ဒါလုပ်ဆို ချက်ချင်းလုပ်တာမျိုးကိုပဲကြိုက်တာ ကျုပ်ကိုအဒွန့်တွေတက်နေရင် ခများအသားနာလိမ့်မယ်"
"သေပါစေ နာပါစေ"
ထိုချိန်၀င်လာသော ဖုန်း
"ဟဲလိုကိုကို"
"ပေးစမ်းအဲ့ဖုန်း"
ထယ်ယောင်းလက်ထဲက ဖုန်းကို ဆွဲလုကာ အိမ်ပြင်ကို ယူသွားသည်။
"ဒီမှာ ကျုပ်ပြောထားမယ် ကင်မ်ထယ်ယောင်းကကျုပ်အပိုင် အဲ့ကြောင့်မို့ ခများကင်မ်ထယ်ယောင်းကို ဖျက်ပြီးမေ့လိုက်တော့"
"ထယ်လေးဘယ်မှာလဲ"
"ကျစ်!ငါ ိုး"
ထယ်ယောင်းသူ့အခန်းထဲပြေး၀င်ကာ လော့ချလိုက်ပြီး ရေချိုးခန်းထဲတွင် ၀င်ပုန်းနေလိုက်သည်
သူကြောက်သည် ဂျွန်အီသန်ကို သူကြောက်သည်
ကိုကို့ကို သူမဖြတ်နိုင် ဖြတ်ဖို့လည်းစိတ်ကူးမရှိပါ ဂျွန်အီသန်ကိုလည်း ရည်းစားမတော်နိုင် သူ့လိုလူကိုရည်းစားတော်လျှင် ထယ်ယောင်းအသက်ပါပျောက်သွားနိုင်သည် ထယ်ယောင်းဘာလို့ ဒီစံအိမ်ကြီးမှာ အလုပ်လာလုပ်မိတာလည်း တွေးရင်းတွေးရင်အမေ့ကိုလည်းလွမ်းသည် မျက်ရည်တို့ဟာ စိုရွဲလာသည်