မနက်မိုးနေထွက်စပြု 6နာရီတွင် ထယ်ယောင်းနိုးလာသည် ခေါင်းကနောက်တောက်တောက်ရီဝေဝေဖြစ်လာသောကြောင့် မျက်စိလေးခနမှိတ်နေရသည် မကြာပါဘူး အန်ချင်သလိုလိုဖြစ်လာကြောင့် ဘေစင်ကိုသာအမြန်ပြေးရသည်
ဘေစင်ရဲ့ ဘေးပတ်လည်ကိုကြည့်တော့ အရက်ပုလင်းတွေနဲ့သာပြည့်နှက်နေသည် 1ရက်လေးရှိသေးသည် ဘယ်လောက်တောင်သောက်ထားလည်းမသိပေထယ်ယောင်းရေမိုးချိုးပြီးသည် အီသန်ဟာမနိုးသေးပေ သူအိပ်ယာထချိန်က9နာရီလေ
မနက်စာစားရန်အောက်ထပ်ကို ဆင်းကာ အဒေါ်ကြီးတို့စီသွားသည်
"အဒေါ်ကြီး ကျတော်ဘာကူလုပ်ပေးရမလည်း"
"မပေါ့မပါးကြီးနဲ့ အကိုလေးထယ်ရယ် မလုပ်ပါနဲ့ထိုင်နေ ဘာစားချင်လည်း ကျွန်မဘာလုပ်ပေးရမလည်း ထယ်ယောင်းလေးအားရှိဖို့လိုတယ်"
"အဒေါ်ကြီးအဆင်ပြေသလိုသာလုပ်ပေးပါ"
"ဆိတ်စွပ်ပြုတ်လုပ်ပေးမယ်"
ဆိတ်စွပ်ပြုတ်လုပ်ပေးနေသော အဒေါ်ကြီးကိုကြည့်ကာ ထယ်ယောင်းအမေ့ကိုလွမ်းမိသည် အမေအဆင်ကောပြေရဲ့လားမသိ တစ်ရက်တော့ အမေ့ဆီကို သွားရအုံးမည် အမေလည်းထယ်ယောင်းကိုလွမ်းနေပေမည်
"ထယ်ယောင်း"
"ငါဒီမှာ အီသန်"
"ဘယ်တွေသွားနေတာတုန်း မနက်မိုးလင်းရင် ဒီမျက်နှာလေးကိုမြင်ချင်ပါတယ်ဆို"
"စောက်ပိုမလုပ်နဲ့"
"မောင်က အပိုလုပ်တာမဟုတ်ပါဘူး"
"တစ်မောင်မောင်နဲ့ ဘာဖြစ်နေတာလည်း"
"မောင်လို့ခေါ်ကြည့်ပါလား"
"ဂျွတ်အီသန်!"
"ဂျွန်အီသန်နော် ထယ်ယောင်းရှီး"
"လျှာလုံးသွားလို့"
"ထယ်ယောင်းရှီးကြည့်ရတာ ရှက်နေတဲ့ပုံပဲ လာပါ အရှက်ပြေအောင် ကုတင်ပေါ် တစ်ပွဲလောက်"
"မင်း!"
"ထယ်ယောင်းရှီး မောင့်ကိုရှက်နေပြီပဲ"
"ဂျွန်အီသန်! ဘယ်လိုဖြစ်နေတာလည်း အဒေါ်ကြီးတွေရှိတယ်"
"ဘာဖြစ်လည်း"