ရာသီတွေ အလီလီကူးပြောင်းလာသည်နှင့်အမျှ ထယ်ယောင်းဗိုက်လေးဟာ ပူသထက်ပူလာသည်
အခုဆိုရင် ထယ်ယောင်းဗိုက်လေးဟာ ၆လတောင်ရှိပြီ"ထယ် မပြီးသေးဘူးလား"
"ပြီတော့မယ်မောင်ရဲ့"
ဒီနေ့က ထယ်ယောင်းရဲ့ ဗိုက်ဗိုက်လေးကို ultrasound သွားရိုက်ရမဲ့နေ့လေ ဂျွန်အီသန်တစ်ယောက် စိတ်လှုပ်ရှားနေမိသည် သားသားလေးဖစ်မလား မီးမီးလေးဖစ်မလားကိုပင် ဂျွန်အီသန်လိုချင်တာကတော့ သားလေးပင်
"ဖြေးဖြေးထယ်!"
"မောင်ဘာလို့အော်တာလည်း"
"မောင်က ထယ်မှောက်လဲမှာဆိုးလို့ပါကွာ"
"ဟွန့်နော်"
"လာကားပေါ်တက်သွားမယ်"
Ultrasound ရိုက်ရန် ဆေးရုံဌာနသို့သွားကာ ဆရာ၀န်နှင့်တိုင်ပင်ရသည် ရိုက်မည့်အခန်းထဲ၀င်ခါနီး
"ထယ်"
"အွန်း"
"သားလေးနော်"
"ဟုတ်ပါပီ"
ထယ်ယောင်းအခန်းထဲ၀င်ကာ ultrasound ရိုက်လိုက်သည် အဖြေက နောက်၁၀မိနစ်လောက်ကြာမှ ထွက်မည်ဟု ဆရာ၀န်ကပြောသည် ဂျွန်အီသန်တစ်ယောက် မထိန်းနိုင်မသိမ်းနိုင် ဒီခံစားချက်ကြီးက သူ့ကို တော်တော်လေးစိတ်လှုပ်ရှားနိုင်စေသည်
10 minutes later
-------------"၀င်ခဲ့လို့ရပါပြီ"
ဆရာ၀န်ရဲ့ အချက်ပေးသံနှင့်အတူ အီသန်ဟာ ထယ်ယောင်းရဲ့လက်ကိုဆွဲကာ သူ့တို့ကလေးလေးကို ကြည့်ဖို့ နားနေခန်းထဲ၀င်လာခဲ့သည်
"ယောင်္ကျားလေးပါ"
"ဗျာ တကယ်လားဆရာ"
"တကယ်ပါ ဂုဏ်ယူပါတယ် ယောင်္ကျားလေးပါ"
"ထယ်"
"မောင်"
"မောင်..မောင်အရမ်းပျော်တာပဲ"
"မငိုပါနဲ့ မောင်ရယ်"
ကားပါကင်ရောက်သည်အထိ အီသန်ဟာ မျက်ရည်တွေကျနေစဲပင်
"မောင်ဘာလို့ငိုနေသေးတာလည်းမဟုတ်ကုလားမဟုတ်"
"မောင်က ကုလားမဟုတ်ပါဘူး"