ထယ်ယောင်းဧည့်ခန်းတွင် အီသန်ပြန်လာမလားဆိုတာကို လည်လေးတစ်မျှော်မျှော်ဖြင့် ထိုင်စောင့်နေမိသည် ညနေစာကို မစောင့်နဲ့လို့ ပြောခဲ့သော်လည်း ထယ်ယောင်းထိုင်စောင့်နေမိသည်
ခအကြာ ထယ်ယောင်းဖုန်းတွင် ဖုန်းစိမ်းတစ်လုံး၀င်လာသည်
"ယောဘိုဆယ်ယို"
"ကင်မ်ထယ်ယောင်းရှီး ရှင့်ယောင်္ကျားမူးနေလို့လာခေါ်လိုက်ပါအုံး"
"ငါခုချက်ချင်းလာခေါ်မယ်"
ထယ်ယောင်းဒေါသတွေ အထွတ်ထိပ်ရောက်သွားခဲ့သည် ဘာလည်း မောင်ကသူ့ကိုလိမ်တာတော့မဟုတ်ပါဘူးနော် နောက်ပြီး ဘာလို့မောင်က ဂင်မ်ယူနာစီမှာ ရှိနေခဲ့တာလည်း စဉ်းစားရင် ထယ်ယောင်းခေါင်းထဲတွင် မချီမဆန့်နိုင်သောအတွေးများစွာဟာထွက်ပေါ်လာသည်
မိမိမှာ ကိုယ်၀န်အရင့်အမာကြီးနဲ့မို့ သွားခေါ်လို့လည်းမဖစ် ခေါင်းထဲတွင် သူရဲ့ အခင်ဆုံးဖစ်တဲ့လူတစ်ဦးပေါ်လာခဲ့သည်
"ဂျီမင်း ဟုတ်တယ် ဂျီမင်းကိုဖုန်းဆက်ရမယ်"
"ဟဲလိုဂျီမင်း"
"အေးထယ်ယောင်း"
"ငါ့ကို ကူညီအုံး"
"ဘာဖစ်လို့လည်းထယ်ယောင်း ဗိုက်နာနေလို့လား"
"မဟုတ် အီသန်ကိုသွားခေါ်ပေးအုံး"
"သူကဘယ်မှာလည်း"
"သူက*#$&$$?*?$$#/"
"အေးအေးငါသွားခေါ်လိုက်မယ်"
ဂျီမင်း အီသန်နောက်ကို လိုက်သွားတော့ ပါးစပ်အဟောင်းသားပင် အီသန်ဟာ ဂင်မ်ယူနာရဲ့ ကုတင်ပေါ် တွင်အပေါ်ကိုယ်အ၀တ်မဲ့စွာအိပ်နေလေပြီ ဂျီမင်းခုချိန်ထိသူ့မျက်လုံးတေကို သူမယုံနိုင် ကုတင်ဘေးမှာ ထိုင်နေတဲ့ ဂင်မ်ယူနာဟာ မိန်းမယုတ်အပြုံးဖြင့် ဂျီမင်းကို ပြုံးပြနေလေသည်
"ဂင်မ်ယူနာ! ကောက်ကျစ်တဲ့စုန်းမ"
"ဟား" အိုးစုန်းမလား အင်းလေး နင်တို့က ငါ့ကိုစုန်းမဆိုတော့ ငါလည်းစုန်းမအသွင်လို နေပြရမှာပေါ့ ဒါနဲ့ ကိုကို့ကိုလာခေါ်တာလား အဲ့ဆိုလည်းခေါ်သွားတော့နော် ပြီးတော့ ကင်မ်ထယ်ယောင်းကိုပြောလိုက်ပါအုံး ဗိုက်တစ်လုံးရှိလည်း ဂျွန်အီသန်က ယူနာဆီပဲ နေမာပါလို့"