"ဂျီမင် ရေ လာနေပြီ လက်ထဲက မုန့်ကိုချထားတော့"
"အား.....အဟင့် မေမေရေ သားဗိုက်တွေ
တအားအောင့်တာ အဟင့်
အရည်အသွေးမမှီတဲ့အစားအသောက်တွေ
စားမိလို့ထင်တယ် ။
ဒေါက်တာတို့ရေ ကျနော့်ကိုကယ်ကြပါဦး""သူလား...ငါတို့အစားအစာကြောင့်
အစာအဆိပ်သင့်တယ်ဆိုတာ...""ဟုတ်ကဲ့ သူပါပဲ စီအီးအို ဂျွန်"
အတွင်းရေးမှူးစိတ်ထဲတွင်တော့ ***သူပဲပေါ့ ဒီလောက် နားကွဲမတတ်အော်နေတာ ဒုက္ခပေးနေတာ
နှစ်ရက်နဲ့တစ်မနက်ရှိပြီ*****"ဒီမှာ ကောင်ငယ်လေး ကိုယ်က စီးအီးအိုဂျွန်ပါ
ငါတို့အစားအသောက်ကြောင့်မင်း ထိခိုက်ရတယ်ဆို
ငါတို့ဘာလုပ်ပေးရမလဲ""ဦးဂျွန်က ဘာလုပ်ပေးနိုင်လို့လဲ"
မျက်လုံးလေးတွေပုတ်ခတ်ပြပြီး မေးလာသော သူက
ပထမဆုံးခေါ်တာ ဦးဂျွန်တဲ့
နှလုံးသားထဲ အပူလှိုင်းလေးဖြတ်ပြေးသွားသလိုပါပဲ။
သူဒီလိုမခံစားဖူးဘူး မဟုတ်လား။"မင်းဘာမှ မဖြစ်ဘူးဆိုတာကို ဆေးစစ်တမ်းမှာ
ငါကြည့်ပြီးပြီလေ မင်းငါ့ဆီက ဘာလိုချင်တာလဲ""ဒီမှာတကယ် ဗိုက်တွေ အောင့်လို့ ဆေးရုံရောက်နေပြီလေ ဦးဂျွန်တို့ က တာဝန်မယူချင်တာလား"
ပြုံးခဲရယ်ခဲသော စီအီးအိုဂျွန်သည်
ခပ်စွာစွာပန်းနုရောင်ဆံပင်ပိုင်ရှင်လေး၏ မျက်နှာဘေးကို သူသည်ပင်မသိလိုက်ခင်မှာပဲ
နုတ်ခမ်းပါးလေး တွန့်ရုံပြုံးမိသွားသည်."တာဝန်ယူမှာမို့ ကိုယ်တို့ လုပ်ငန်းစုက ရှေ့နေတွေ
အတွင်းရေးမှူးတွေ တာဝန်ခံတွေ အကုန်
မင်းနဲ့ ညှိနှိုင်းတယ်လေ
ဒါကို စီအီးအိုကိုယ်တိုင်လာရှင်းပါဆိုပြီး
မင်းဘက်က အကျပ်ကိုင်နေတာလေ ""ဟုတ်တယ်လေ လူ့အသက်ကိစ္စပဲ တာဝန်အရှိဆုံးက စီအီးအိုဂျွန်ထက် ရာထူးကြီးတဲ့သူရှိသေးလို့လား"
"အင်း ဟုတ်ပါပြီ မင်းရဲ့ ကလေးဆန်မူလေးက
အခုကိုယ်ဘယ်လောက်ဆုံးရှုံးမူတွေ ရှိနေလဲသိလား
မင်းဆီပြန်လာရှင်းပေးဖို့
ဘီလီယံချီတဲ့အကျိုးအမြတ်တွေကို
ဆိုင်းငံပြီး လာရတာ မို့ ကလေးကလားအလုပ်တွေ
မလုပ်တော့ရင်ကောင်းမယ်။ မင်းဘယ်လောက်လိုချင်လဲ"
YOU ARE READING
My baby ji
Fanfiction" ဦးဂျွန်ကို ချစ်လို့" Park Jimin " ကျွန်တော့် မာယာသေးသေးလေးက ကျွန်တော့်ကို ဦးဂျွန်တဲ့" Jeon Jungkook