Marry me u jeon

1.6K 146 12
                                    

"ဦးဂျွန်"
" အွန်း"
" ခများဘယ်အချိန်မှယဉ်ကျေးမှာလဲ"
" ဘာကွ"
" ဂျီခေါ်ရင် အင်း အွန်း ပြော ဆိုတာကြီးပဲ"
" ကိုယ်အခု အလုပ်ရှုပ်နေတယ်ဂျီ please"
" နေ့လည်း အလုပ်လုပ်တယ် အခု အိမ်မှာလည်း အလုပ်ပဲလား မရဘူး မလုပ်နဲ့"
" ဒါကိုယ့်နေထိုင်မူပုံစံပဲဂျီ ကိုယ်ဒီလိုနေထိုင်လာတာ
မင်းအရွှယ်လောက်ကတည်းက"
" မပင်ပန်းဘူးလား"
" မပင်ပန်းဘူး ကိုယ့်အလုပ်တွေကို ကိုယ်အာရုံစိုက်ရတာ ပိုသဘောကျတယ် မင်းအခုဘာလိုအပ်နေလို့လဲ
ကျေးဇူးပြုပြီး ကိုယ့်ကို ဂျီမတိုက်လို့ရမလား"

" ဦးဂျွန်"
" ဟူး....မင်း ဘာဖြစ်ချင်လို့လဲ ဂျီ"
" ဂျီခများဆီက အတန်းရှင်း ရချင်တာ"
" ကဲအခု မင်းကိုကိုယ်အာရုံထားပေးမယ် ပြီးရင်တော့
ကိုယ့်အလုပ်တွေ လက်စဖြတ်စရာတွေ
အရေးကြီးတာတွေ ရှိနေတယ် ကိုယ်လုပ်မှ ရမယ်"

"ကောင်းပြီလေ အခုဂျီခများကိုမေးစရာရှိတယ်"

"အင်းမေး"

"ဂျီ့ကို ဂျွန်ဂျီမင်အဖြစ် ဘယ်တော့ ပြောင်းပေးမှာလဲ"

(ဟဲ့ မေးခွန်းကြီးကလည်း)

"လက်ထပ်တာကိုပြောချင်တာလား ဂျီ"

"အွန်းလေ....လက်ထပ်တာကိုမပြောချင်လို့ ဦးဂျွန်က ....အာ ဦးဂျွန်ကအတွေးတွေ မှောင်လိုက်တာ"

***တွေ့လား မာယာသေးသေးလေးက
စကားကိုအမှားမခံတာ မှားတာနဲ့လူကို နေမဖြစ်အောင် ပေါက်တတ်ကရတွေ တန်းပြောတာ
ဒါကြောင့်အလုပ်ထဲစိတ်နှစ်ပြီး
သူနဲ့ စကားပြောနည်းအောင်နေနေတာကို
လာဂျီကျနေတာ မာယာသေးသေးလေးကိုစတန်းနေတဲ့လူတွေ လာထိန်းပေးကြပါ****

" ဘာလို့ဂျီ့ကိုရှောင်နေတာလဲ"
" မရှောင်ပါဘူး"
" လိမ်ရင် ဟိုဟာသေးပါစေ"
" ဟာကွာ မင်းမပြောရဲတဲ့ စကားကို တကယ်မရှိတာပါလား"
" အဟီးဟီး လိမ်ရဲသေးလားဦးဂျွန်ကြီး"
" မင်းကွာ"
" ဖြေ လို့ ဂျီ့ကိုဘာလို့ရှောင်နေရတာလဲလို့"
"မင်းက အန္တရာယ်များလို့"
" ဒယ်ဒီ့သားဖြစ်နေလို့လား"
" အင်း"

***တကယ်တော့ ဆိုလိုချင်တာ မင်းဒယ်ဒီရဲ့သားဖြစ်နေလို့မဟုတ်ဘူး ရင်ခုန်သံတွေကို အတည်ပြုချင်လို့
ပြီးတော့မင်းလေးက အန္တရာယ်များလွန်းလို့ပါ
အရမ်းနီးနီးကပ်ကပ် ရှိနေလေ ထိတွေ့ချင်လေ ဖြစ်နေတဲ့
ကိုယ့်စိတ်တွေကြောင့်ပါ***

My baby jiWhere stories live. Discover now