U jeon -1

3.5K 257 85
                                    

"ဂျီမင် ရေ လာနေပြီ လက်ထဲက မုန့်ကိုချထားတော့"

"အား.....အဟင့် မေမေရေ သားဗိုက်တွေ
တအားအောင့်တာ အဟင့်
အရည်အသွေးမမှီတဲ့အစားအသောက်တွေ
စားမိလို့ထင်တယ် ။
ဒေါက်တာ‌တို့ရေ ကျနော့်ကိုကယ်ကြပါဦး"

"သူလား...ငါတို့အစားအစာကြောင့်
အစာအဆိပ်သင့်တယ်ဆိုတာ..."

"ဟုတ်ကဲ့ သူပါပဲ စီအီးအို ဂျွန်"

အတွင်းရေးမှူးစိတ်ထဲတွင်တော့ ***သူပဲပေါ့ ဒီလောက် နားကွဲမတတ်အော်နေတာ ဒုက္ခပေးနေတာ
နှစ်ရက်နဲ့တစ်မနက်ရှိပြီ*****

"ဒီမှာ ကောင်ငယ်လေး ကိုယ်က စီးအီးအိုဂျွန်ပါ
ငါတို့အစားအသောက်ကြောင့်မင်း ထိခိုက်ရတယ်ဆို
ငါတို့ဘာလုပ်ပေးရမလဲ"

"ဦးဂျွန်က ဘာလုပ်ပေးနိုင်လို့လဲ"
မျက်လုံးလေးတွေပုတ်ခတ်ပြပြီး မေးလာသော သူက
ပထမဆုံးခေါ်တာ ဦးဂျွန်တဲ့
နှလုံးသားထဲ အပူလှိုင်းလေးဖြတ်ပြေးသွားသလိုပါပဲ။
သူဒီလိုမခံစားဖူးဘူး မဟုတ်လား။

"မင်းဘာမှ မဖြစ်ဘူးဆိုတာကို ဆေးစစ်တမ်းမှာ
ငါကြည့်ပြီးပြီလေ မင်းငါ့ဆီက ဘာလိုချင်တာလဲ"

"ဒီမှာတကယ် ဗိုက်တွေ အောင့်လို့ ဆေးရုံရောက်နေပြီလေ ဦးဂျွန်တို့ က တာဝန်မယူချင်တာလား"

ပြုံးခဲရယ်ခဲသော စီအီးအိုဂျွန်သည်
ခပ်စွာစွာပန်းနုရောင်ဆံပင်ပိုင်ရှင်လေး၏ မျက်နှာဘေးကို သူသည်ပင်မသိလိုက်ခင်မှာပဲ
နုတ်ခမ်းပါးလေး တွန့်ရုံပြုံးမိသွားသည်.

"တာဝန်ယူမှာမို့ ကိုယ်တို့ လုပ်ငန်းစုက ရှေ့နေတွေ
အတွင်းရေးမှူးတွေ တာဝန်ခံတွေ အကုန်
မင်းနဲ့ ညှိနှိုင်းတယ်လေ
ဒါကို စီအီးအိုကိုယ်တိုင်လာရှင်းပါဆိုပြီး
မင်းဘက်က အကျပ်ကိုင်နေတာလေ "

"ဟုတ်တယ်လေ လူ့အသက်ကိစ္စပဲ တာဝန်အရှိဆုံးက စီအီးအိုဂျွန်ထက် ရာထူးကြီးတဲ့သူရှိသေးလို့လား"

"အင်း ဟုတ်ပါပြီ မင်းရဲ့ ကလေးဆန်မူလေးက
အခုကိုယ်ဘယ်လောက်ဆုံးရှုံးမူတွေ ရှိနေလဲသိလား
မင်းဆီပြန်လာရှင်းပေးဖို့
ဘီလီယံချီတဲ့အကျိုးအမြတ်တွေကို
ဆိုင်းငံပြီး လာရတာ မို့ ကလေးကလားအလုပ်တွေ
မလုပ်တော့ရင်ကောင်းမယ်။ မင်းဘယ်လောက်လိုချင်လဲ"

My baby jiWhere stories live. Discover now