" ဟေး....."
မာယာသေးသေးလေးဟာ လှည့်ကြည့်မသွားခဲ့ဘူး။
တွေ့လား ချစ်လွယ်မုန်းလွယ်လေးကသာ
နှလုံးသားကို ကစားခဲ့ရင်
ကြီးကောင်ကြီးမားအရွယ်ကြီးကျမှ
ဦးဂျွန်ဟာ အချစ်ရှုံးသမားဖြစ်ရဦးမှာတဲ့လား။အလုပ်ထဲခေါင်းစိုက်ပြီး အလုပ်တွေသာ ဖိလုပ်နေမှဖြစ်မယ်။
တကယ်ပဲ သူ့အိမ်ပြန်သွားလေမလား.......
တကယ်ပဲ မချစ်ပဲ လာကစားခဲ့တာလား.......
တကယ်ပဲ သူ့ဒယ်ဒီရဲ့ အကြံဉာဏ်တွေများလား....'.တကယ်ပဲ ငါက သံသယများနေတာမဟုတ်လား။
ဟင့်အင်း သူဖေဖေက ငါ့ကိုသိပ်မုန်းနေတာ
ငါထင်သလို...........မဟုတ်ဘူး မဟုတ်လောက်ပါဘူး...'
Jeon jimin က အဲ့လိုမဟုတ်လောက်ပါဘူး.....အိမ်ပြန်ရောက်နေလားလို့
အိမ်ကိုဖုန်းဆက်ကြည့်ရမလား........အလှဆုံးပန်းတွေဝယ်ပြီးချော့ရမလား။
အရသာရှိဆုံး မုန့်တွေနဲ့ ချော့ရမလား။
အဖိုးတန်ရတနာတွေနဲ့ ချော့ရင်ရော......" အဟမ်း jeon Jimin အိမ်ရောက်ပြီလား"
" ......"
" ဘာမရောက်သေးဘူးဟုတ်လား"
"......"
" ရတယ် ရတယ် သူပြန်လာရင်သာဖုန်းဆက်ပေး"အိမ်ပြန်မလာဘူးတဲ့လေ.........
" ဟယ်လို ငါပါ CEO jeon"
"........"
" Jeon jimin အပေါင်းအသင်းတွေကိုစုံစမ်းပြီး
Jeon jimin သူတို့နဲ့ရှိနေလားလို့မေးလိုက်"
"......."
" အမြန်ဆုံးနော်"" ဟယ်လိုဖေဖေ သားသား Jungkook ပါ"
" ကြွေအိုးကိစ္စမင်းကိုလုံးဝကျေနပ်မနေဘူးနော်
jeon Jungkook"
" ဟုတ်ကဲ့ ဖေဖေဝယ်သွားတဲ့ တန်ဘိုးအတိုင်း
သားသားပြန်ဝယ်ပါ့မယ်""တော်စမ်း ဘာကိုသားသားလည်း
မင်းအသက်ကိုလည်းကြည့်ဦး""ဖေ့ဖေ့သားလေးကို ကျနော်ယူမှာဆိုတော့လေ သားက"
"ဟေ့ကောင်ငါ့သားကလေးအရွယ်လေးကို
မင်းအသက်အရွယ်ကြီးနဲ့.....ပြီးတော့ ငါ့သားမင်းဆီရောက်မှ ပျက်စီးလို့ကတော့
မင်းကို ငါကိုယ်တိုင်လာသတ်မှာ
မနက်ကလည်း ဖအေကို ပြန်ပြောသွားတာ........""ဒါဆို သားယောကျာ်းသေးသေးလေးက
ဖေဖေ့အိမ်မှာမဟုတ်ဘူးပေါ့"
YOU ARE READING
My baby ji
Fanfiction" ဦးဂျွန်ကို ချစ်လို့" Park Jimin " ကျွန်တော့် မာယာသေးသေးလေးက ကျွန်တော့်ကို ဦးဂျွန်တဲ့" Jeon Jungkook