" တိတ်စမ်း
မင်းက park group ကလား"" park jimin ပါဆို park group ကပေါ့"
" ဒါမင်းရည်ရွယ်ချက်လား"
" ဦးဂျွန်ညားဖို့က ဂျီ့ ရည်ရွှယ်ချက်လို့ ပြောပြီးပြီလေ
ခဏခဏ ပြန်မေးနေတာ
ခဏခဏ ကြားချင်နေတာများလား
ဒါမှမဟုတ် ဂျီကို မြင်မြင်ခြင်း ချစ်သွားတာများလား"" တိတ်စမ်း"
" အိုခေ...ပြွတ်...."
" ဘာလုပ်တာလဲ"
" ဦးဂျွန်ပဲတိတ်စမ်းဆို
နုတ်ခမ်းတွေက မအားနေမှ တိတ်မှာလေဦးဂျွန်ရဲ့"
" မင်းကွာ"
" ဘာလဲ ဦးဂျွန်ကထပ်အနမ်းခံချင်လို့လား
လာလေ လာလေ"
အတင်းခြေဖျားထောက်ပြီး လိုက်နမ်းနေတာမို့
ceo ကြီးမှာ
မျက်နှာတွေပါ ပူစွာနဲ့ ရှောင်တိမ်းလိုက်ရသည်။တကယ်တော့မရှောင်ချင့်ရှောင်ချင်ရယ်
မာယာသေးသေးလေးရဲ့ နုတ်ခမ်းတွေက
ညို့ဓါတ်တွေ
ပိုင်စိုးထားတဲ့ ကွန်ယက်တခုလိုမျိုး။" CEO park group က အိမ်ထဲဝင်ဖို့အတင်း....."
" ဝင်ခိုင်းလိုက် အခုဧည့်ခန်းကိုဆင်းလာခဲ့မယ်"
အတွင်းရေးမှူးကြီးဟာ ခေါင်းတချက်ငြိမ့် ဦးညွတ်ပြီး
နားက microphone မှတဆင့် တခုခုကို ညွှန်ကြားပြီး
အခန်းထဲက ထွက်သွားသည်။" မင်းမိဘတွေရောက်နေပြီ မင်းရှာတဲ့ ပြသနာ မင်းရှင်း"
" ဟင့်အင်း"
" ဟာ မင်းမရှင်းလို့ ငါရှင်းရမှာလား"
" ဟုတ်"ရွှဲ့ပြောတာကို ဟုတ် တဲ့လေ
မာယာသေးသေးလေးက တမျိုးတဖုံလေး။" ဘာဟုတ်လဲ ဘာအတွက် ငါရှင်းရမှာလဲ "
"ဂျီ့ရဲ့ ဦးဂျွန်မို့လေ"ကြက်သီးမွှေးတွေ ထောင်ထသွားတဲ့အထိ
စိတ်လှုပ်ရှားမိပါသော ဦးဂျွန်ပါလေ
ကူလီကူမာလေးတွေနဲ့
မာယာသေးသေးလေးက ချွဲရင်
ဦးဂျွန်ဟာ နေစရာမရှိအောင် စိတ်လှုပ်ရှားပြန်တယ်။
ဒီကလေး လူကြီးကိုလာကစားနေတာလို့
တွေးမိပြန်ရင်လည်း
မာယာသေးသေးလေးက လာမကစားမှာကို
ကြောက်မိသွားသလိုမျိုး" အဲ့လိုကြီးပဲ ကြည့်မနေနဲ့လေ ဦးဂျွန်ရယ်
မေမေတို့ဆူရင် ဂျီ့ကို ကာကွယ်ပေးနော် နော် လို့"" လာဧည့်ခန်းသွားမယ်
မင်းမိဘတွေစောင့်နေမှာကို အားမနာဘူးလား"
YOU ARE READING
My baby ji
Fanfiction" ဦးဂျွန်ကို ချစ်လို့" Park Jimin " ကျွန်တော့် မာယာသေးသေးလေးက ကျွန်တော့်ကို ဦးဂျွန်တဲ့" Jeon Jungkook