"မူလီဂျီ ထတော့"
" အွန်း ခဏ ခဏပဲ ထပ်အိပ်မယ်"" အတွင်းရေးမှူးအသစ်ကလည်း ပျင်းနေလိုက်တာ
ကိုယ်ဒီနေ့ အစည်းအဝေးရှိတယ်
မင်းအိပ်ချင်သေးရင် နေခဲ့လေ။
ဒီနေ့အတွက် မင်းကိုခွင့်ပေးမယ်"
(အလုပ်တောင်မဆင်းရသေးဘူးခွင့်တဲ့ဟယ်)"ဦးဂျွန်နဲ့လိုက်မှာ...."
" ဒါဆိုရေချိုးတော့အဝတ်အစားတွေ ပြင်ထားပေးပြီးပြီ"
" ဖိနပ်ရောလား"
" အင်း အကုန်ပဲ နက်ကတိုင်ပါစီစဉ်ပေးထားတယ်"
" ဒါဆိုရေချိုးလိုက်မယ် ဂျီ့ကိုစောင့်နော်"
"အင်း"
" ဂျီကလေ ဦးဂျွန်မရှိပဲ ခဏလေးတောင် မနေနိုင်ဘူး"
"......."
" ပြူးကြည့်မနေနဲ့ breakfast ပြင်ထားပြီးစောင်နေနော်
ဂျီက ပေါင်မုန့်မီးကင် နဲ့ စတော်ဘယ်ရီယိုနဲ့စားမှာ
ကြက်ဉလေးရောကြော်ထားပေးနော်
အနှစ်မကျက်စေနဲ့ဦးဂျွန်"" အွန်း"
" ပေါင်မုန့်က တူးတူးလေးကင်ပေးနော်ဦးဂျွန်ရေ"
" အွန်း"
" ဟိုဘက်လှည့်ပြုံးမနေပဲ ဂျီဆင်းလာမှ ပြုံး"
***ဟော....တကယ်ကို မာယာသေးသေးလေးက
အကုန်သိနေပြန်တာပဲ***
(ဘုရားစူးအတွင်းရေးမှူးပါအေ
CEO ကြီးက အကုန်လုပ်ပေးနေရတာ
မာယာသေးသေးလေးရေ အူယားလို့သေတော့မယ်)Company ကို ခြေချလိုက်တာနဲ့
ဝန်ထမ်းတွေ ပါတနာတွေက မာယာသေးသေးလေးနဲ့ ဦးဂျွန်ကိုမသိမသာ အကဲခတ်နေကြတာ။
သတင်းတွေကလည်း ထွက်နေစဲပဲမဟုတ်လားအတွင်းရေးမှူးတွေသည် အသီးသီးအခန်းရှေ့
ကျန်ခဲ့သော်လည်း အတွင်းရေးမှူး ပန်းရောင်လုံးလုံးလေးကတော့ CEO ကြီး အခန်းထဲ တန်းကနဲ ပါလာပြန်သည်။
အခန်းထဲရောက်တာနဲ့ ဆိုဖာပေါ်ပစ်ထိုင်ပြီး
Sample ထားတဲ့ မုန့်တွေအား တဂျွတ်ဂျွတ်နဲ့
ဖေါက်စားပြန်သည်။"အလုပ်တွေပဲ လုပ်နေတာပဲ"
သူ့ဘာသာသူမုန့်စားပြီးငြိမ်နေပြီမှတ်နေတာ
မာယာသေးသေးလေးက ထဖေါက်လာပြန်ပြီ။"ဦးဂျွန်"
" ........"
" ဦးဂျွန် ဆို ခေါ်နေတာလေ"
" ဟိတ် အခုက အလုပ်မှာနော် မင်းက ကိုယ့်အတွင်းရေးမှူး
ကိုယ့်အလုပ်တွေကို ဝင်မရှုပ်ရဘူး"
" အလုပ်ပဲ လုပ်နေမှာလား"
" အလုပ်မလုပ်လို့ ကိုယ်က ဘာလုပ်ရမှာလဲ"
" ကျနော့်ကိုလုပ်"
" ဘာကွ"
" အရမ်းကြီး မအော်ပါနဲ့ ဒီက စကားမှားသွားတာ"
" မင်းနော်"
"ဦးဂျွန်"
"ပြော"
" မိုက်ရိုင်းတာ"
" ဘာကွ"
" ဂျီပျင်းတယ်"
"ဘာလုပ်ချင်လို့လဲ"
" shopping "
" ရုံးဆင်းမှ"
" ဟွန့်"
" ရော့ကဒ် မင်းသုံးချင်တာသုံးလို့ရအောင်"
" ဝိုး black card အဟီး ငါယောကျာ်းရွှေးတာမှန်သွားပြီ"
" အဟက် မင်းက ကလေးပဲ"
" ဦးဂျွန်ကလေးလေး လို့ ပြောရတာလည်း
၁၅၆ခါလောက်ရှိနေပြီ"
" အလုပ်လုပ်ဦးမယ် ငြိမ်ငြိမ်နေပေး"
" coat ကြီး ချွတ်လို့ရလား suit နဲ့နေရတာ
ကျပ်တည်းလွန်းတယ်"
" မင်းက အပေါက်အပြဲတွေတအားကြိုက်တာပဲလား"
" ဟမ် အာ ဦးဂျွန် ဂျီ ရဲ့ အိုင်ဂျီအကောင့်ကို
ကြည့်ပြီးပြီပေါ့"
"မင်းအတွက် အဝတ်အစားစီစဉ်ပေးဖို့ကြည့်တာပါ
မင်းတင်ထားတဲ့ ပုံတွေမှာ တပုံမှ လုံလုံခြုံခြုံမဝတ်ဘူး"
"ဖက်ရှင်လေ ဦးဂျွန်ရဲ့"
"ဆံပင်အရောင်တွေ ပြောင်းရမယ် park jimin "
" နာမည်အပြည့်စုံကြီးခေါ်တာ မပင်ပန်းဘူးလား
အဖိုးကြီးရဲ့"
" ဟာ"
" စိတ်တိုတယ်တကယ်ပဲ"
" မင်း ကိုယ့်အိမ်ထောင်ဘက်ဖြစ်ပြီဆိုရင်
ရင့်ကျက်သင့်တယ်"
"ဘာအတွက် ဂျီက ရင့်ကျက်ရမှာလဲ နိုး"
"ဟာ"
YOU ARE READING
My baby ji
Fanfiction" ဦးဂျွန်ကို ချစ်လို့" Park Jimin " ကျွန်တော့် မာယာသေးသေးလေးက ကျွန်တော့်ကို ဦးဂျွန်တဲ့" Jeon Jungkook