III

105 24 0
                                        

ဒီနေ့မနက်မှာတော့ သူဟာ အလွန်ပင်တက်ကြွနေသည်။

မနက်မိုးလင်းလေ့ကျင့်ခန်းလုပ်အပြီးမှာတော့ သူဟာ Kai ကိုသွားစရာရှိသည်ဟုဆိုတာ ဒီနေ့လည်း အပြင်မလိုက်ဖြစ်ကြောင်းကြိုပြောထားသည်။

သို့ပေမယ့် Kaiဟာလည်း ဒီနေ့မှ ဘယ်မှမသွားဘူးတဲ့လေ။
ဒါကြောင့်သူလည်းစကားတွေအများကြီးမပြောနေပဲ နေ့လည်စားစားချိန်ကျော်တာနဲ့ ရေချိုးခန်းထဲတန်းဝင်ပြီးစတင်ပြင်ဆင်နေ၏။

သူဟာ မှန်ရှေ့မှာ ဆံပင်ကို အပြောင်သိမ်းထားရင်း နဖူးပေါ်ဝဲကျနေတဲ့ဆံနွယ်တွေကိုသေသေချာချာ ပုံသွင်းကာ အမြဲတမ်းကြီး သုံးတာမျိုးမရှိတဲ့ ရေမွှေးကိုလည်း ခေါင်းအစ ခြေအဆုံး စွတ်နေမိ၏။

ရယ်စရာကောင်းပေမယ့် သူဟာ ဖြစ်သလိုနေမိရင်တောင် မြို့စားအရှိန်အဝါကမပျောက်ပေမယ့် တစ်ယောက်သောသူဟာတော့ သူ့ကိုဘယ်သူမှန်းတောင်မသိဘူးတဲ့လေ။

ဒါကြောင့် သူဟာ ဒီနေ့မှာမိတ်ဆက်ကြတဲ့အခါ မြို့စားတစ်ယောက်ဆိုတဲ့အရှိန်အဝါရနေဖို့ကို တော်တော်လေးကြိုးစားနေသည်။

အောက်ခံရှပ်င်္အကျီအဖြူလက်ရှည််ကို တံတောင်ဆစ်အထိခေါက်တင်ရင်း  စိမ်းပုပ်ရောင်ဘောင်းဘီရှည်နဲ့အတူ စိမ်းပုပ်ရောင် vest ကို ကြယ်သီး အပြည့်တပ်ထားသည်။ ထို့နောက် ပြောင်လက်နေတဲ့ ရှူးဖိနပ်နဲ့ လှေကားကဆင်းလာသည်နှင့် Kai နဲ့တန်းတိုးတော့သည်။

" ဒါဘယ်လဲ? ပြောတော့ အပြင်မထွက်ဘူးဆို "

သူဟာ မသိမသာချောင်းဟန့်လိုက်မိသည်။
ဖြစ်သွားတဲ့အမူအရာဟာ သူခိုးလူမိသွားသကဲ့သို့ပင်။

သူဟာ စိတ်လှုပ်ရှားစွာနဲ့ ပြောင်လက်နေတဲ့ ကျွန်းလှေကားလက်ကိုင်ကို မသိမသာပွတ်သပ်ရင်း အကြည့်လွှဲလိုက်သည်။

" အသိတစ်ယောက်နဲ့ မြို့ထဲမှာချိန်းထားတာလေးရှိလို့လေ။ သူလည်းဒီရောက်နေတယ်ဆိုတာနဲ့သွားတွေ့မလို့။ "

" ကြေးနန်းရောက်လာတာကို ငါမသိလိုက်တာများလား "

သေချာပေါက် Kai ဟာ သူ့ကိုမယုံပေ။
အကယ်၍များ ကြေးနန်းတစ်ခုခုရောက်လာမယ်ဆို အိမ်ကြီးရှင်ဖြစ်တဲ့သူဟာ မသိပဲမနေဘူးလေ။

Adrien • [ 우뿌즈 ] Where stories live. Discover now