V

120 25 4
                                        


အင်္ဂလန်မြို့ရဲ့တစ်ပတ်တာခရီးစဉ်က ပြန်ရောက်တဲ့အခါသူဟာ ပထမဆုံးလုပ်မိတာဟာ သူ့ရဲ့ပန်းချီဆရာလေးဆီ " ပြန်ရောက်နေပြီဖြစ်ကြောင်း" ကို ကြေးနန်းအရင်ရိုက်ပို့မိတာဖြစ်သည်။

သို့သည့်တိုင်ဘယ်သူထင်မှာလဲ သူ့ဆီပြန်ရောက်လာတဲ့စာဟာ သူ့အတွက် စိတ်ပင်ပန်းနေတဲ့ညတွေမှာ နှစ်၁၀၀သက်တမ်းရှိတဲ့ဝိုင်တစ်ခွက်ကိုသောက်လိုက်ရသလို ချက်ချင်းလန်းဆန်းသွားစေတာ။

သူ့ရဲ့ပန်းချီဆရာလေးဟာ ပါရီမြို့ကိုလာဖို့စီစဉ်ထားတယ်ဆိုတဲ့အကြောင်း။ အရမ်းလည်းမဝေးတာမို့ လိုအပ်တဲ့ပစ္စည်းလေးတွေရှိလို့ လာဆင်းကြည့်ဖို့ဆိုပေမယ့် မြို့စားဆီတော့ လာလည်ဖို့မရဲသေးတာမို့ ပါရီရဲ့ ကုန်ကြမ်းစျေးကွက်ကိုသာ ဝင်ကြည့်မှာဖြစ်ကြောင်းပြောလာတဲ့အခါ သူကိုယ်တိုင်ပဲ ထိုသူ့ဆီသွားဖို့ဆုံးဖြတ်လိုက်သည်။

မလာဝံ့သေးတဲ့သူကို သူဟာ အတင်းခေါ်မှာတော့မဟုတ်။ ထိုအစားသူပဲသွားမှာသာဖြစ်သည်။

ထို့ကြောင့် သူ့ရဲ့ပန်းချီဆရာလေးမလာခင်တစ်ရက်ကို ကျန်နေသေးတဲ့ ဝေရာဝစ္စတွေနဲ့အတူ ရုံးချိန်းကိုသွားရလိုက် ကုန်စည်အကြောင်းတွေ အဖေဖြစ်သူနဲ့တိုင်ပင်လိုက်နဲ့ အလုပ်တွေကို တစ်ပတ်စာကိုတစ်ရက်လောက်နဲ့ သိမ်းကြုံးလုပ်နေရင်း " Beomgyu Rousseau "ဆိုတဲ့ နာမည်နဲ့ကြေးနန်းရောက်ရင် သူဘာတွေအရေးကြီးတာတွေပဲလုပ်နေလုပ်နေ လက်ထဲအရင်လာထည့်ဖို့ကို အလုပ်ထက် ကိုယ်ရေးကိုယ်တာကိုဦးစားမပေးတတ်တဲ့ Adrien Taehyun မပီသစွာ ညွှန်းကြားမိနေသည်။

သူဟာသူ့ကိုယ်သူတောင်မယုံနိုင်။
သူ့အတွက် ထိုပန်းချီဆရာလေးဟာ ဘယ်လိုဖြစ်တည်မှုလည်းဆိုတာမတွေးတတ်။

အဲဒီအစား မူမမှန်မှုတွေပိုခံစားလာရရင် ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ပြီး သူကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချမှာမို့ ထိုပန်းချီဆရာလေးနဲ့ပတ်သက်ရင် လေးလေးနက်နက်ကို စဉ်းစားထားမိသည်။

အခုလည်း သူဟာ စာဖတ်ခန်းထဲမှာ နှစ်ကုန်အခွန်တွေအကြောင်းတွက်ချက်နေရင်း သူ့လက်ထဲကိုစာဟာဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။

Adrien • [ 우뿌즈 ] Where stories live. Discover now