" သုံးနှစ်ဆိုတာနည်းတယ်။ သူ့ကြောင့် စိတ်ထိခိုက်ခဲ့ရတဲ့ အမျိုးသမီးဟာ အဲဒီသုံးနှစ်နဲ့ စိတ်ဒဏ်ရာတွေပျောက်သွားမယ်ထင်လား "
အခန်းငယ်အတွင်း ကျွတ်ကျွတ်ညံသွားတဲ့တီးတိုးစကားပြောသံတွေ။ မကျေမနပ်ဖြစ်သွားသော်ငြား ဘာမှပြန်မပြောနိုင်တဲ့ တရားခံဘက်ကပြိုင်ဘက်ရှေ့နေနဲ့ မျက်မှန်အောက်ကမျက်လုံးတွေကိုလှန်ကြည့်လာတဲ့ တရားသူကြီး။
ဘုတ်အဖွဲ့ဘက်ခြမ်းမှာထိုင်နေတဲ့ Taehyun ဟာ ဝက်ခြံထဲက သကောင့်သားကိုတစ်ချက်ကြည့်လိုက်သည်။
" အမျိုးသမီးတစ်ယောက်လို အလိုမတူပဲ အတင်းအဓ္ဓမလက်ထပ်ယူတယ်။ ယောကျ်ားကောင်းတစ်ယောက်အဖြစ်နေနိုင်ဖို့ကြပြန်တော့ အမျိုးသမီးကို ကိုယ်ထိလက်ရောက်နှိပ်စက်တယ်။ အိမ်ထောင်ရေးဖောက်ပြန်တယ်။ တရားသူကြီးက အဲ့အပြစ်သုံးခုလုံးကို တစ်နှစ်စီဆိုပြီးသက်မှတ်လိုက်တာလား? "
" ဒါဆို မြို့စားမင်းက ကျွန်တော့်ရဲ့ စီရင်ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဘယ်နေရာကို မမျှတဘူးလို့ထင်ပါသလဲ "
Taehyun ဟာ ထိုင်နေရာကထလိုက်သည်။ စင်စစ်ကိုမြို့စားတစ်ယောက်အနေနဲ့ ဒီလိုကိစ္စတွေအထိဝင်မပါသင့်ဘူးဆိုပေမယ့် ဝင်ပါလို့မရနေတာလဲမဟုတ်။
အာဏာအပေါ်ရူးသွပ်ပြီး အမျိုးသမီးတွေအပေါ်မလေးစားတာဟာ ဖိုဝါဒီကြီးစိုးခြင်း လွှမ်းမိုးနေသေးတဲ့ဒီခေတ်မှာဖြစ်လေ့ဖြစ်ထရှိတုန်းပဲဆိုပေမယ့် သူဟာ ထိုအရာကိုပျောက်ကွယ်သွားစေချင်သည်။
အခုဆိုလည်း နိုင်ငံရဲ့ထိပ်ပိုင်းအရာရှိရဲ့သားဖြစ်သူဟာ အမျိုးသမီးတစ်ယောက်ကို အတင်းလက်ထပ်ယူပြီးကိုယ်ထိလက်ရောက်ကျူးလွန်ပေမယ့် ဒါကိုပါရီမြို့ရဲ့ ခုံရုံးဟာ ကြောင်လေးတစ်ကောင်ကိုရိုက်လိုက်တဲ့အမှုလိုမျိုး ပေါ့ပေါ့တန်တန်သဘောထားနေပြန်သည်။
" ကျွန်တော်တစ်ခုချင်းစီမထောက်ပြနိုင်တာကတော့ မထောက်ပြနိုင်တာထက် ကျွန်တော့်ထက်စာရင် ဒီက တရားသူကြီးမင်းကပိုသိမယ်ထင်လို့ပါ။ စီရင်ချက်ကိုပြန်လည်သုံးသပ်ဖို့နဲ့ နောက်တစ်ခေါက်ရုံးချိန်းမှာ ထိထိရောက်ရောက်အရေးယူဖို့ကိုတင်သွင်းချင်ပါတယ် "
![](https://img.wattpad.com/cover/377820921-288-k948508.jpg)