ရက်သတ္တပတ် ၂ ပတ်ဆိုတာ မြို့စားအတွက် ခက်ခက်ခဲခဲ တည်ဆောက်ထားပုံရတယ်။ နေ့တိုင်းအဆက်မပြတ် သူ့ဘက်ကပို့လိုက် သူ့ဆီရောက်လာလိုက်ဖြစ်နေတဲ့စာတွေဟာ ၂ပတ်အတွင်း အစောင်၃၀လောက်ရှိတယ်လေ။
များသောအားဖြင့် ထိုစာတွေဟာ တစ်နေ့တာအစပြုရာမနက်ခင်းမှာ ဘယ်လိုအမှုတွေပြုဖြစ်တယ်ကစလို့ အကြံဉာဏ်ပေးပါဦးဆိုတဲ့ မြို့စားရဲ့ သာမန်အခက်အခဲလေးတွေအထိ မာတိကာတပ်စရာဖြစ်လာတယ်။
နည်းနည်းလေးတော့ ရယ်စရာကောင်းပေမယ့် သူဟာ နေ့စဉ်ဘဝမှာ ဘယ်လောက်ပဲဘဝင်မကျစရာတွေနဲ့ကြုံကြိုက်ပါစေဦးတော့ Montmartre က စာရောက်လာတယ်ဆိုတဲ့အချိန်ဟာ မီးစကိုရေမှုတ်နဲ့ထိတွေ့လိုက်တဲ့အတိုင်း ခံစားနေရတဲ့ ဆိုးရွားတဲ့ခံစားချက်တွေဟာ ရှဲခနဲငြှိမ်းသတ်ပြီးသားဖြစ်သွားတာ။
ယခုတော့သူဟာ မိသားစုမနက်စာစားပွဲမှာထိုင်နေတယ်။
ဒါပေမယ့် သူ့မှာစဉ်းစားစရာတွေရှိနေတယ်။
ဒီရက်ပိုင်းအတွင်းမှာ Beomgyu အပေါ်ခံစားနေရတဲ့ ခံစားချက်တွေဟာ သူကိုယ်တိုင်တောင်သတိမထားမိခဲ့တဲ့ မြင်မြင်ချင်းအချစ်ရဲ့ဘေးထွက်ဆိုးကျိုးတွေလို့ပြောရမလား။
သူ့အသက် ၂၅နှစ်ဆိုတာဟာ ချစ်တာနဲ့ ရင်ခုန်တာကို ခွဲခြားနိုင်နေပါပြီလေ။
မိသားစု မနက်စာစားပွဲဆိုတဲ့အတိုင်း မိဘနှစ်ပါးရယ် ၊ အဘိုး အဘွားတွေရယ် သူရယ် ငါးယောက်သာပါဝင်တယ်။
စားပွဲပေါ်က ရွေးချယ်စရာ မုန့်တွေအများကြီးထဲမှာမှ သူဟာ နူးနူးညံ့ညံ့ ပန်ကိတ်ကိုပဲရွေးချယ်ရင်း မနက်စာစားပွဲမှာငြိမ်ငြိမ်သက်သက်သာ။
မကြာပါဘူး။ သူ့မျက်စောင်းထိုးက Adrien Timothy ဟာ သူ့ဘက်ကိုကြည့်ရင်းပြောလာသည်။
" ခရီးထွက်မလို့ဆို"
အသံဟာ သိပ်ပြီးလည်းညင်သာမနေ။ သေချာတာတော့ သူနဲ့ဒီလအတွင်း အချေအတင်ဖြစ်တာများနေလို့ထင်သည်။
သူဟာလည်း ဝိုင်းကြည့်နေတဲ့ ကျန်တဲ့မိသားစုဝင်တွေရှေ့မှာ ခေါင်းကိုသာ အေးအေးလူလူညိတ်ပြလိုက်သည်။
" သွားတွေ့စရာ လူရှိလို့ "
" Kai လား "
" မင်းသားလား Kaiနဲ့သွားတွေ့ရင် ဒီလို အပြင်အဆင်လွန်နေမှာ။ ဘယ်စံအိမ်က သမီးပျိုလေးနဲ့ချစ်ကြိုးသွယ်နေပြီလဲ မေးကြည့်ဦး ဟမ့်! "
![Adrien • [ 우뿌즈 ]](https://img.wattpad.com/cover/377820921-64-k948508.jpg)