ရက်ပိုင်းအတွင်း သူ့ရဲ့လုပ်ငန်းစဉ်ဟာ မနက်မိုးလင်းလာရင် Kaiတို့အိမ်မှာမနက်စာစား ပြီးတာနဲ့ ရတားလုံးတစ်စင်းနဲ့ Beomgyu နဲ့နေရာစုံကိုလျှောက်သွားပြီး မသွားချင်တဲ့ရက်တွေဆို Beomgyuရဲ့ဆိုင်မှာ Beomgyuပန်းချီဆွဲနေတာကို ထိုင်ကြည့်နေမိသည်။
ထို့ကြောင့် Kai ကတောင်သူ့ကို အမြင်စောင်းလာသည်အထိ သူ့ခြေလှမ်းတွေဦးတည်ရာဟာ Beomgyuဆီကိုဖြစ်နေတတ်သည်။
ယခုလည်း နှစ်ယောက်သားဟာ Beomgyu ဆိုင်ခန်းအတွင်းမှာထိုင်ရင်း Beomgyu ကတော့ဆွဲလက်စပန်းချီကို ဆက်ဆွဲနေပြီး သူဟာတော့ ပန်းချီဆွဲနေတဲ့ Beomgyu ကိုကြည့်နေသလိုလိုနဲ့ Beomgyu ရဲ့ မျက်နှာလေးကိုပဲထိုင်ကြည့်နေမိသည်။
မကြာပါဘူး။
Beomgyu ဟာ သူ့ဘက်ကိုလှည့်ကြည့်လာတဲ့အခါ သူ့ကိုစိုက်ကြည့်နေတဲ့ သူ့ကိုမြင်သွားသည်နဲ့ မျက်နှာတစ်ခွင်ဟာ သွေးရောင်လွှမ်းသွားတော့သည်။
"မြို့စားနဲ့ အတူနေရရင် နှလုံးရပ်သေမှာပဲ"
"ကိုယ်လည်းမင်းနဲ့အတူနေရင်နှလုံးရပ်သေလောက်တယ်"
"ဘာလို့လဲ"
မင်းကလှလို့လေ။
သေချာပေါက် သူဟာ ထိုစကားကိုမပြောဖြစ်ခဲ့ပါ။
အဲဒီအစားရယ်ကျဲကျဲနေသာ အကြည့်ကိုလွှဲပေးလိုက်သည်။ရက်ပိုင်းအတွင်းမှာပဲ သူ့ခံစားချက်တွေဟာ ပိုမှန်ကန်လာသည်။
သူဟာ Beomgyuကိုတကယ်သဘောကျနေခဲ့တာပင်။
သေချာပေါက်ကို ပထမဆုံးရင်ခုန်မိတာရော ၊ ပထမဆုံး ခံစားချက်အဆန်းတွေဖြစ်ပေါ်မိတာရောက ထိုသူ့ကြောင့်ပဲဆိုတာသူသိနေသည်လေ။ဒီမျက်နှာလှလှလေးကိုမြင်တိုင်း သူ့အတွက်တော့ ရင်ဖိုစရာကောင်းလောက်အောင်သဘောကျနေခဲ့တာ။
ညနေပိုင်းရောက်တဲ့အထိပန်းချီဆွဲပြီးတဲ့အခါ သူတို့ဟာ အတူတူလမ်းလျှောက်ထွက်ဖြစ်ခဲ့ကြသည်။ ထိုနေရာဟာတော့ သူတို့စတွေ့တဲ့ စမ်းချောင်းနားကတောင်ကုန်းလေးကိုဖြစ်ပြီး သူဒီကိုပြန်ရောက်တဲ့အခေါက်မှာတစ်ခါမှမသွားရသေးတဲ့ နေရာဟောင်းလဲဖြစ်သည်။