{part-10}
နည်းနည်းလေးပြင်ထားပါတယ်ဗျ✍️
"အကိုတို့ မတရားဘူးဗျာ"
"...."
လေ့ကျင့်ရေးကွင်းကိုသွားနေတဲ့လမ်းတွင် ဟောက်ရွမ်းက မျက်နှာကို ရှုံ့မဲ့ကာ အလိုမကျသလိုပြောလာသဖြင့် ဟိုက်ခွမ်းနဲ့ရှဲ့ယွင်က လှည့်ကြည့်လာသော်လည်း ဝမ်ရိပေါ်က သူ့ပုံစံတိုင်းခပ်တည်တည်ပင်။
ရှဲ့ယွင်က သူ့မူအတိုင်းအပြုံးချိုချိုပြုံးကာ...
"ပြောစမ်းပါအုံး ငါတို့ရွှမ်းလေးက ဘာတွေအလိုမကျဖြစ်နေတာလဲကွ.."
"အကိုရှဲ့တို့က ကျွန်တော့်ကိုပယ်ထားတာလေဗျာ..."
ဟောက်ရွမ်းကအလိုမကျသလို ဆူအောင့်အောင့်ပြော လာသဖြင့် ရှဲ့ယွင်ကတဟားဟား အော်ရယ်ကာ...
"ငါတို့ရွှမ်းလေးက စိတ်ကောက်နေတာပဲကွ ဟားဟား "
"ဟာ အကိုရှဲ့!!..."
ဝမ်ရိပေါ် သွားနေရာမှရပ်လိုက်သဖြင့် ဟိုက်ခွမ်းကဘာဖြစ်တာလဲဟု မေးဆက်ပြသည်။ ဝမ်ရိပေါ်ကခေါင်းခါပြလိုက်ကာ နောက်လှည့်ပြီး ဟောက်ရွှမ်းကို အကြည့်စူးစူးဖြင့်တစ်ချက်ကြည့်လိုက်ကာ ရှေ့ကိုပြန်လျှောက်သွားတော့၏။
အကိုနှစ်ရဲ့အကြည့်ကြောင့် ဟောက်ရွှမ်းကပါးစပ်လေးပိတ်ကာ ခေါင်းလေးပု၍ ငြိမ်ငြိမ်လေးနောက်ကလိုက်တော့သည်။ အကိုနှစ်က ဆူညံ့နေတာတွေမကြိုက်။ နေရာတကာလိုက်မပြောပေမဲ့ သူ့မကြည်ရင် အပြစ်ပေးတတ်သည်။ ဟောက်ရွမ်းငယ်ငယ်က အကိုနှစ်ခါးက ကျောက်စိမ်းပြားကိုလိုချင်လို့တောင်းတာ အကိုနှစ်ကမပေးပေ။ အဲ့ကြောင့်ကလေးသဘာဝလိုချင်တာမရတော့အော်ငိုရော အကိုနှစ်က ငိုရမလားဆိုပြီး မေပယ်ပင်မှာ ဟောက်ရွမ်းကို ဇောက်ထိုးဆွဲချိတ်ထားပြီးအပြစ်ပေးတယ်လေ မယ်တော်ကတားတာတောင် တစ်ညလုံးဆွဲချိတ်ထားတာ အဲ့ထဲက ဟောက်ရွမ်းအကိုနှစ် စိတ်မကြည်ရင်အနားမကပ်ရဲပေ။
လေ့ကျင့်ရေးကွင်းဆီရောက်တော့ မိစ္ဆာစစ်သည်တချို့က သူတို့ကိုဦးညွှတ်လို့ အရိုအသေပြုလာကြသည်။ ယာယီတဲထဲကနေ မိစ္ဆာဒုစစ်သူကြီးလျိုချွင် ထွက်လာကာ ဝမ်ရိပေါ်တို့ကိုအရိုအသေပြုလာသည်။