Wangyibo
ရှားပါး အနက်ရောင်ဇာမဏိငှက်မိစ္ဆာမျိုး
မိစ္ဆာဘုရင်ဝမ်ချီရန်ရဲ့ နှစ်ယောက်မြောက်သားတော်
မိစ္ဆာမျိုးနွယ်စုရဲ့ ဒုတိယမင်းသားဖြစ်ကာ အဆင်းသဏ္ဍာန်မှာ ရှားပါးလှသော အနက်ရောင်ဇာမဏိငှက်ဖြစ်တာမို့ စွမ်းအားအလွန်ကြီးသည်။ချောမောသော ရုပ်ရည်ပိုင်ဆိုင်ထားသော်လဲ အမြဲတမ်းမျက်နှာတည်ထားကာ အေးစက်တဲ့အရှိန်အဝါတွေ ထုတ်လွင့်တတ်တာမို့ အနားသို့ကပ်နိုင်သူ တယောက်မှမရှိ ဒူးတုန်အောင်ကြောက်လန့်တတ်ကြသည်။ မိစ္ဆာတိုင်းပြည်မှာ နာမည်ကြီးသည့် စကားကတော့ ဒုတိယမင်းသားဝမ်ရိပေါ်က သိပ်ကြောက်ဖို့ကောင်းသည်ဆိုတာပင်။ သွေးအေးရက်စက်သည့် ဒုတိယမင်းသားကို မကြောက်သူဟူ၍ သုံးလောကမှာမရှိဘူးလို့ထင်ရလောက်သည်။Xiaozhan
မြွေဖြူမိစ္ဆာလေး
မြွေမိစ္ဆာမျိုးနွယ်အကြီးအကဲ၏သားငယ်ရှောင်းကျန့် အဆင်းသဏ္ဍာန်မှာမြွေဖြူဖြစ်ကာ မြွေမျိုးနွယ်တွင် နှစ်100မှတကြိမ်သာမွေးဖွားတတ်တာဖြစ်သည်။ ထို့ကြောင့် မြွေဖြူကို လိုချင်တပ်မက်သူပေါများကာ မြွေဖြူမိစ္ဆာတွေကြောင့်ပဲ သွေးချောင်းစီးစစ်ပွဲတွေပေါ်ပေါက်လာဖြစ်သည်။ မြွေဖြူမျိုးနွယ်တွေက သိပ်လှကာ သိပ်လဲညဏ်များသည်။ ရှောင်းကျန့်က မြွေဖြူမိစ္ဆာမို့ အရမ်းလဲလှရက်သလို သူ့ကိုယ်သူကာကွယ်နိုင်အောင်လဲ စွမ်းအားကြီးသည်။ စွမ်းအားမရှိရင်တောင် မြွေဖြူတွေက သူတို့ညဏ်ရည်နဲ့ တဖက်ရန်သူကိုအလွယ်တကူသတ်ပစ်နိုင်ကြသည်။ ထို့ကြောင့်လဲညဏ်များသည်ဟုဆိုတာပေါ့။
..........
ဒါလေးကို ပင်လယ်ဒဏ္ဍာရီ ပြီးရင် upပေးရမလားဗျ ဖတ်မဲ့သူရှိလားဗျ🫶
...........