{part-12}
"ကောင်းကင်မင်းကြီးကြွချီလာပါပြီ!!!"
နတ်အပေါင်းတို့ ညီလာခံကျင်းပရာတွင် ကျွတ်ကျွတ်ညံ့နေကြသော အသံများတိတ်ကျသွားကာ နဂါးပလ္လင်ထက် ကြွမြန်းလာတဲ့ နတ်တို့ရဲ့အရှင်ဖြစ်သူကို အရိုအသေပေးကြလေသည်။
"ကောင်းကင်မင်းကြီး နှစ်ပေါင်းသောင်းကျော်မကအသက်ရှည်ပါစေ!!:)"
ကောင်းကင်မင်းကြီးက နဂါးပလ္လင်ထက်ထိုင်လိုက်ပြီးနောက် တရားရေးနတ်မင်းကလျှောက်တင်လေသည်။
"စစ်ပြေငြိမ်းစာချုပ်ပြည့်ပါတော့မယ် အရှင် စစ်ပွဲဖြစ်ရင် အသက်ပေါင်းများစွာသေကျေရပါလိမ့်မယ် စာချုပ်ထပ်ချုပ်ဖို့ ညှိနှိုင်းစေချင်ပါတယ် အရှင်"
တရားရေးနတ်မင်းရဲ့အပြောကို အလိုမကျစွာ ဝင်၍ထောက်လာသည့် မိုးကြိုးနတ်မင်း..."
"စာချုပ်ထပ်ချုပ်ရန်မသင့်တော်ပါအရှင် နတ်ဆိုးမိစ္ဆာတွေက လောကကြီးကို အန္တရာယ်ဖြစ်စေတဲ့မျိုးနွယ်တွေပါ တစ်ခါတည်းချေမှုန်းလိုက်သင့်ပါတယ်"
"မိုးကြိုးနတ်မင်းက စစ်ပွဲတွေဖြစ်ပြီး သွေးကြောင်းစီးတာ မြင်ချင်နေတာလား!"
"တရားရေးနတ်မင်းလည်း ကြီးမြတ်တဲ့ကောင်းကင်အရှင်ကို နတ်ဆိုးမိစ္ဆာတွေနဲ့ ညှိနှိုင်းဆွေးနွေးခိုင်းတာဟာ ကောင်းကင်အရှင်ကိုစော်ကားရာမကျပေဘူးလား!"
"မင်း!..."
"ဒုန်း!"
"တော်ကြတော့ ငါကိုယ်တော်ရှိနေသေးတာကို
နတ်မင်းတို့က အငြင်းပွားဝံ့သေးတာလား!"စားပွဲကို လက်ဖြင့်ထုကာ အာဏာသံဖြင့်ဆိုလာသည့် ကောင်းကင်မင်းကြီးကြောင့် တရားရေးနတ်မင်းနဲ့ မိုးကြိုးနတ်မင်း နှစ်ပါးဟာ ကောင်းကင်မင်းကြီးကို ရိုသေစွာ လက်နှစ်ဖက်ယှက်လျက် ခန္ဓာကိုယ်ကိုကိုင်းကာ...
"ကျွန်တော်မျိုးတို့ တောင်းပန်ပါတယ်အရှင်!:2)"
"စစ်ပွဲဖြစ်မဖြစ်ဆိုတာ ငါကိုယ်တော်ဆုံးဖြတ်မယ် အခုညီလာခံသိမ်းမယ်!"
"ကြွမြန်းတော်မူပါ ကောင်းကင်နတ်မင်းကြီး!!"
ပလ္လင်ထက်မှ ရွှေရောင်အမှုန်တွေဖြင့် ပြောင်းလဲသွားပြီး ညီလာခံအတွင်းမှ လျှင်မြန်စွာပျောက်ကွယ်သွားတော့၏။ နတ်မင်းအပေါင်းလဲ နေထိုင်ရာဘုံဌာနသို့ ပြန်ကြလေသည်။