{part-2}
အဝါရောင်မေပယ်ရွက်တွေဝေဆာနေတဲ့ မေပယ်ပင်ရဲ့အရိပ်အောက်က ကျောက်စားပွဲနဲ့ထိုင်ခုံလေးတွေရှိသည်။ဒီလိုအေးချမ်းလှတဲ့နေရာက မိစ္ဆာနန်းတော်မှာတစ်နေရာထဲသာရှိသည့် 'ဖုန်းဟွား'အမည်ရှိဥယာဉ်တစ်ခုဖြစ်သည်။ မေပယ်ပင်အောက်က ကျောက်စားပွဲမှာ ထိုင်နေကြသည့် ကလေးနှစ်ယောက် အတိအကျပြောရရင် 13နှစ်အရွယ်ကလေးက 3နှစ်သာရှိသေးသည့်ကလေးလေးကို ပေါင်ပေါ်တင်ထားကာ မုန့်ခွံ့ကျွေးနေတဲ့မြင်ကွင်းလေးပင်။ မိစ္ဆာတိုင်းပြည်က နတ်ပြည်လောက် မခန်းနားသော်လည်း သူ့အလှနဲ့သူတော့ရှိသည်ပင်။
"ကိုကို ကိုကို"
"အင်း ပြောလေကလေးလေး"
"ကိုကိုရဲ့ အဆင်းသဏ္ဍာန်က ဘာလဲဟင် "
နဂိုဝိုင်းစက်နေသည့်မျက်လုံးလှလှလေးတွေဖြင့် မော့ကြည့်ကာမေးလာသည့်ကလေးလေး...
"ကိုကိုက အနက်ရောင်ဇာမဏိငှက်"
"ဝါးးး"
အံ့ဩသွားသည်ထင်ပါ့ ကလေးငယ်က သူ့ကိုမျက်လုံးပြူးပြူးလေးနဲ့ကြည့်နေသည်။ ရိပေါ်ကနှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး ကလေးငယ်ရဲ့ခေါင်းလေးကိုအသာပုတ်ကာ....
"ကလေးလေးကရော ဘာအဆင်းသဏ္ဍာန်ရှိလဲ"
"ကျန့်ကျန့် မြွေဖြူ"
"အဲ့တာကြောင့် ကိုကို့ကလေးလေးက အရမ်းလှနေတာနေမှာ ဟုတ်လား"
"ခစ်ခစ် ဟုတ်တယ် ကိုကို့ကလေးလေးကျန့်ကျန့်က အလှဆုံးမလား"
"ဒါပေါ့ ကိုကို့ကလေးလေးကအလှဆုံးပဲ"
"ခစ်ခစ်"
မွေးဖွားလာတည်းကပြုံးရယ်ချင်းမရှိအရွယ်နဲ့မလိုက် သွေးအေးရက်စက်တတ်သည်ဆိုတဲ့ ဒုတိယမင်းသားဝမ်ရိပေါ်က မြွေဖြူပေါက်စလေးကျန့်ကျန့်နဲ့ သဘောတကျရယ်မောနေတာ သူ့ကိုယ်သူတောင်သတိထားမိရဲ့လားလေ။
.............
"ဒေါက် ဒေါက်"
"ခမည်းတော် သားတော်ပါ"
"ဝင်ခဲ့ သားတော်"
"ဟုတ်ကဲ့"
ဝမ်ရိပေါ် ခမည်းတော်ရဲ့ အိပ်ဆောင်ထဲဝင်သွားလိုက်သည်။ ဧကရာဇ် ဝမ်ချီရန်က အကြောင်းမရှိရင်သူ့ဆီမလာတတ်သည့်သားတော်မောင်ကြောင့် အံ့ဩနေတာဖြစ်၏။