{part-3}
ဝမ်ရိပေါ်ကို ဖူဂျိုတောင်ကြားကို သောင်းကျန်းနေတဲ့မိစ္ဆာကြီးကိုထိန်းဖို့ ခမည်းတော်ကတာဝန်ပေးလာတာမို့ ဖူဂျိုတောင်ကြားကို သွားကာ မိစ္ဆာကြီးတွေကိုထိန်းချုပ်ရသည်။ 15နှစ်အတွင်း အားရင်အားသလို ကျန့်ကို သွားတွေ့ပေမဲ့ကျန့်ရှေ့ထွက်ပြတာမျိုးတော့မလုပ်ခဲ့ပဲ တိတ်တဆိတ်သာခိုးကြည့်ခဲ့တာဖြစ်သည်။
ကျန့်က တနေ့တခြားအရွယ်ရောက်လာလေလေ ပိုပိုလှလာတာမို့ ရိပေါ်မှာစိတ်မချနိုင် ကျန့်18နှစ်မြန်မြန်ပြည့်ဖို့ရာသာဆုတောင်းမိတော့သည်။ ကျန့်ကို နှောက်ယှက်ကာချစ်ရေးဆိုသူတွေကို နောက်ကွယ်ကနေရိပေါ်က ရှင်းလိုက်တာဖြစ်သည်။သူ့အပိုင်နားကို ယင်တစ်ကောင် ကပ်ရင်တောင် အဲ့ယင်ကို မီးလောင်တိုက်သွင်းမှာဖြစ်သည့်အထိ ရိပေါ်က ပိုင်ဆိုင်လိုစိတ်ကြီးပါသည်။
ဝမ်ရိပေါ် ဖူဂျိုတောင်ကြားကိုမသွားခင် ကျန့်ကို တခေါက်သွားခိုးကြည့်ခဲ့သေးသည်။သူရောက်တော့ ကျန့်ကို ဝက်မိစ္ဆာ တကောင်က အတင်းအကြပ်လက်ကိုဆွဲထားတာတွေ့ရသည်။ ရိပေါ် သွားမည်လုပ်ပေမဲ့ ကျန့်လုပ်လိုက်တဲ့အပြုအမူကြောင့် ရိပေါ်နောက်ပြန်ဆုပ်ကာ ထိုနေရာမှာတင်ရပ်ကြည့်နေလိုက်သည်။
"ကျန့်အာ ကိုယ့်ကိုအဖြေပေးပါအုံး
ကိုယ်ကျန့်အာကို ချစ်တယ်လို့ပြောထားတယ်လေ""ဒီမှာ! အခုချက်ချင်း ငါ့လက်ကိုလွှတ်လိုက်နော်!"
"မလွှတ်ဘူးကွာ ကျန့်အာအဖြေပေးမှလွှတ်မယ်"
ကျစ်! ဒီကောင်ကတော့..
ရှောင်းကျန့် စိတ်ရှုပ်လာသည်။ သူ့လက်ကိုအတင်းဆွဲထားတဲ့ အဲ့ဒီဝက်မိစ္ဆာကို ရွံ့ရှာလှပါသည်။ ဝက်မိစ္ဆာက လက်ကို ဘယ်လိုမှလွှတ်မပေးတာကြောင့် ကျန့်ရုန်းရင်း လက်နာလာရသည်။ကိုကိုတောင်မကိုင်ဘူးသေးတဲ့သူ့လက်လေးကို ဒီဝက်မိစ္ဆာက ရာရာစစ! ရှောင်းကျန့်က ဒေါသထွက်လွန်းလို့ မျက်လုံးများပင် နီရဲလာ၏ ဝက်မိစ္ဆာက ရှောင်းကျန့်၏ပြောင်းလဲမှု့ကိုသတိမထားမိပဲ သူလိုချင်တဲ့အဖြေသာတောင်းနေသည်။ ဝက်မိစ္ဆာ သူ့လက်ထဲမှ ကိုင်ထားတဲ့ လက်နုနုလေးမှာ တမဟုတ်ချင်းပျောက်သွားတာမို့ မော့ကြည့်တော့ အလှလေးကျန့်အာက မရှိတော့ပဲ ဧရာမကြီးမားတဲ့ မြွေဖြူတစ်ကောင်သာရှိလေသည်။ ရှောင်းကျန့်က အလွန်ကြီးမားတဲ့ မြွေအသွင်ပြောင်းကာ ဒေါသထွက်လွန်းလို့ နီရဲနေတဲ့မျက်လုံးကြီးတွေဖြင့် ဝက်မိစ္ဆာကို ကြည့်လာမှ ဝက်မိစ္ဆာက ထိပ်လန့်ကာကြောက်ရွံ့လာသည်။သူ သူ ကျန့်အာကို ဇွတ်အဖြေမတောင်းသင့်ဘူး အခုတော့ သူ့အစာဖြစ်တော့မှာလား!! ရှောင်းကျန့်က ဝက်မိစ္ဆာရဲ့အတွေးကိုသိနေဟန်ဖြင့် အသံခပ်ရှရှနဲ့ပြောလာသည်။