“ဟေး ဟေး ခေါ်နေတာမကြားဘူးလာ”
အလွမ်း စိတ်မရှည်စွာ ကောင်လေးရဲ့ ပုခုံးကို ပုတ်လိုက်သည်။ ထိုအခါမှ ကောင်လေးက သူ့ကို မော့ကြည့်လာသည်။ ဘာမှတော့ မပြောပေ။
“ငါက နယ်က တက်လာတာ ငါ့နမည်က လွမ်းသတ်တန့်ရောင်ခြည်”
နေ့ ထိုလူကို တစ်ချက်သာ မော့ကြည့်လိုက်သည်။ ပုံစံကိုက တောက တက်လာမှန်းသိသာသည်။ ပါးမှာလည်း လမင်းကြီးတွေ ထိန်ထိန်သာလို့။ သူ့ကိုသူ မူကြို ကလေးနဲ့ မှားနေသလား
“..........”
“မင်းနမည် ဘယ်လို ခေါ်လည်း ”
အလွမ်းပြောရင်း ကောင်းလေးရဲ့ ဘေး ဝင်ထိုင်လိုက်သည်။
ပြောပြောဆိုဆိုနဲ့ နေ့ ဘေး ဝင်ထိုင်ပြန်သည်။
“နေ့အလင်းရောင် ”
အလွမ်းမေးတော့ ေကာင်လေးက မဖြေချင်သလို ဖြေချင်သလိုနဲ့
“ဟမ် မင်းနမည်က အဆန်းရီး ဟီး ”
အလွမ်းရီ မိတော့ ကောင်လေးက သူ့ကို ခပ်ဆူးဆူးတစ်ချက်ကြည့်လိုက်တာကြောင့် အလွမ်း ရုပ်ကို ချက်ချင်းတည်လိုက်ရသည်။
သူ့နမည်က မဆန်းတာကျလို့။ ဘာလည်း လွမ်းသတ်တန့်ရောင်ခြည်တဲ့ ရှည်လျားထွေးပြာလိုက်ပုံများ လူနဲ့ နမည်နဲ့ လိုက်လည်း လိုက်ဖက်ပါပေတယ်
ဘာလည်းဟ။တောက တက်လာတော့ကော သူက လူမဟုတ်ဘူးလား။ ဘယ်သူကကော သူ့ကို အထင်အမြင် သေးပြနေလို့လည်
“ငါက ရင်းနှီးချင်လို့စတာပါ ငါနဲ့ သူငယ်ချင်းလုပ်ပါလား ”
ဘယ်လိုကောင်မှန်းမသိ။ အလွမ်းပြောတာကိုတောင် ဂရုမစိုက်ဘူး။ အလွမ်း ဝမ်းနည်းသွားရသည်။ အလွမ်းက တောက တက်လာတာကြောင့် ဘယ်သူမှ အဖက်မလုပ်ချင်ကြဘူး ထင်ပါတယ်။
ပြောကာ မျက်လွှာ ချသွားပြန်သည်။ ထိုလူက စိတ်မမှန်ဘူးဖြစ်မယ်။ အခုဘဲရီလိုက် အခုဘဲ မဲ့လိုက်နဲ့
အခန်းထဲက လူတွေကလည်း သူတို့ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။ ဘာလို့ကြည့်နေကြတာလည်။
![](https://img.wattpad.com/cover/378065222-288-k821058.jpg)