"Ji....သမီးထတော့လေ 10နာရီတောင်ခွဲပြီး၊ ထတော့နော်...."
ပုံမှန်ဆို အမြဲ 7နာရီလောက်မနက်စာဆင်းစားနေကျမို့ စောင့်နေတာ 8နာရီလဲဆင်းမလာ 9နာရီလဲဆင်းမလာလို့ John လိုက်တက်လာရခြင်းပင်။
"Ji ကြားလား...ယောင်္ကျားကိုစိတ်ကောက်နေလဲ ထမင်းတော့စားရမယ်လေ.."
ပြန်မဖြေတာကြောင့် အခန်းထဲ၀င်လာလိုက်လျှင်
"Ji!!....သမီး....သမီးဘာဖြစ်တာလဲ"
လဲကျနေတဲ့ ji ....ဘေးမှာလဲ ပြန့်ကျဲနေတဲ့ဆေးလုံးတွေ...
"Ji...ဘာဖြစ်တာလဲ...အဖေပြောတာကြားရဲ့လားသမီး...ji ji"
တကိုယ်လုံးအေးစက်နေတာကြောင့် စိုးရိမ်စိတ်ကထိုးတက်လာသည်။
"အမ်!!...အမ်!!!...ကားထုတ်ထားဖို့ ဒါရိုက်ဘာပြောလိုက် ! ကြားလား!...ဆေးရုံအမြန်သွားမှဖြစ်မယ်!"
ဖုန်းပြေးယူပြီးတာနဲ့ သမီးကိုချီကာ ဆေးရုံပြေးရတော့သည်။
Ranကိုလဲ ဖုန်းဆက်မှရမယ် ...ဒီအခြေနေမှာတော့ မင်းပြန်လာသင့်ပြီ ran။
----------------------------------------------------------
"P'ran ဒီနေ့တော့ သေချာ ပေါက်ပြန်ရမယ်နော်....မဟုတ်ရင် ကျနော် အိမ်ထဲကဆွဲထုတ်မှာ"
"အဟွတ်!.....ခန fot...အဖေဖုန်းဆက်လာလို့ နောက်မှဆက်ဆူနော်"
အဖေတောင်ဖုန်းဆက်လာပြီးဆိုမှတော့ သူဒီနေ့ အိမ်ပြန်ကိုပြန်မှ ဖြစ်တော့မယ်ဆိုတာ ran သိပါတယ်။
"Hello အဖေ.."📱
"Ran...jiဆေးချိန်လွန်သွားလို့ အခုဆေးရုံရောက်နေတယ်"📱
"ဗျာ ....ဘာပြောလိုက်တယ်အဖေ၊ ဘယ်ဆေးရုံမှာလဲအဖေ ကျနော်လာခဲ့မယ်"📱
ဖုန်းပြောနေရင်းမှ ထအော်ပြီး ဆေးရုံဆိုတာပါ ပါလာတာကြောင့် မနက်စာစားနေရင်းမှ fotတို့၂ယောက် ဧည့်ခန်းဆီပြေးထွက်လာကြသည်။
"ဟုတ်....ဟုတ်ကဲ့အဖေ"📱
"ဘာ...ဘာဖြစ်တာလဲ phi ..ဘသူဆေးရုံတက်ရလို့လဲ"
မျက်နှာကိုလက်နဲ့အုပ်ချကာ ငြိမ်ကျသွားတဲ့ p'ran ကြောင့် စိတ်လှုပ်ရှားလွန်းလို့ fotလက်တွေကို ကုတ်ဖဲ့ နေရသည်။
![](https://img.wattpad.com/cover/375834055-288-k981318.jpg)
YOU ARE READING
Invests With Heart (Completed)
Fanfictieကျနော်တို့ နောက်ဘယ်တော့မှ ထပ်မတွေ့ကြရအောင်ပါ Khun Gemini Fourth Nat ...ကိုယ်တို့တယောက်ကိုတယောက် သိသိရက်နဲ့ရော မသိပဲနဲ့ပါ ထိခိုက်နာကျင်စေခဲ့တာ တွေ၊ ဆုံးရှုံးနစ်နာစေခဲ့တာတွေအရမ်းများခဲ့မှန်းကိုယ်သိပါတယ်၊ ဒါပေမယ့်..... ...